ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ထင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ ချစ်စရာကောင်းတဲ့ သားသမီး ၅ယောက်ကို မွေးစားလိုက်ပါတယ်။ 

ယနေ့လေးကတော့ ခိုင်နှင်းဝေရဲ့ မွေးနေ့လေးပဲဖြစ်ပြီး မွေးနေ့လေးမှာ ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများလှူဒါန်းပေးခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ " ယနေ့အတွက် တတိယအကြိမ်မြောက် မွေးနေ့အလှူအဖြစ်မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးပြီး လှူဒါန်းခဲ့ပါတယ်ရှင်။

ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ် ကျွန်မတို့ လှူဒါန်းရာတွင် ခြေထောက် နှစ်ချောင်းပြတ် လူနာအား လှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်ပြီး အဆက်သွယ်မရသဖြင့် ခြေထောက်တချောင်းပြတ်မသန်စွမ်းများကိုသာ ဒီနေ့လှူဒါန်းဖြစ်ခဲ့ပါတယ် ထို့အပြင် ဈေးဗန်းခေါင်းရွက်အသည်များအား အရိပ်ရစေရန် ထီးနှင့် အမောပြေ အအေးများ လည်း ဈေးထဲသို့လိုက်လံလှူဒါန်းခဲ့ပါတယ်ရှင် ကျွန်မ မွေးနေ့အလှူသည် ခုနှစ်ရက်သားသမီးများ အားလုံး၏အလှူဖြစ်သဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အလှူပုံရိပ်များ Post တင်ပေးလိုက်ရပါတယ်ရှင် " ဆိုပြီး ရေးသားထားပါတယ်။ S0URCE: ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။