အမိုက်စားတိုက်ကွက်တွေနဲ့ ပြည်တွင်းပရိသတ်တွေကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားတွေကို တုန့်လှုပ်စေခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပွဲကောင်းတွေကို ပရိသတ်တွေလည်း အကြိုက်တွေ့စေခဲ့မယ်ထင်ပါတယ်။ လက်ရှိ ခါးပတ်နှစ်ခု ကမ္ဘာ့ချန်ပီယံဂုဏ်ကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် ပြည်တွင်းပြည်ပလက်ဝှေ့ဖိုက်တာများစွာရဲ့ ရှေ့ဆောင်လမ်းပြဖိုက်တာတစ်ဦးအဖြစ် ရပ်တည်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။   

အောင်လအန်ဆန်းကတော့ လက်ဝှေ့လောကကို နှစ်ပေါင်းများစွာထိုးသတ်ခဲ့ပြီး နိုင်ပွဲများစွာနှင့်အတူ ရှုံးပွဲများစွာကိုလည်း ရင်ဆိုင်ခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မတူညီတဲ့ ချန်ပီယံခါးပတ်နှစ်ခုကို ပြိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ပြည်တွင်း လက်ဝှေ့သမားတွေသာမက ပြည်ပက လက်ဝှေ့ဖိုက်တာတွေတောင် လေးစားအားကျနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ အောင်မြင်ကျော်ကြားမှုကတော့ ပြည်တွင်းပြည်ပမှာ ရေပန်းစားခဲ့ပြီး အောင်လပုံတူပန်းချီအားတစ်ချပ်ကတော့ ငွေကျပ်သိန်း ငါးရာရှစ်ဆယ်ရှစ်သိန်းခြောက်သောင်း(၅၈၈၆၀၀၀၀)ခန့်ရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပန်းချီကားကိုတော့ ကချင်သူဌေးကြီး ဦးဆွမ်လွတ်အောင်မိုင်မှ လေလံဆွဲဝယ်ယူသွားတာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အောင်လအန်ဆန်းပုံတူပန်းချီအား ရောင်းရငွေကြေးတွေကို စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့ပြီး အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ကြတာတွေ့ရပါတယ်။ လေးစားစရာကောင်းတဲ့ အဆိုပါကချင်သူဌေးဦးဆွမ်းလွတ်အောင်မိုင်ရဲ့ အောင်လပန်းချီဝယ်ယူမှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos - အောင်မင်းနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။