ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာတော့ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့အရှေ့ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

၎င်းတိုက်ခိုက်မှုကတော့ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပီး မျက်နှာဖုံးတပ် လူနှစ်ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။



၎င်းသေနတ်သမားတွေဟာ မဲမဲမြင်ရာအကုန်ပစ်ခဲ့တာကြောင့် ကျောင်းသားတော်တော်များများ သေနတ်ထိမှန်ခဲ့ကြပါတယ်။

ဒ့ါကြောင့် ကျောင်းဝန်းထမ်းတွေနဲ့ ကျောင်းသားတွေအပါအဝင် စုစုပေါင်း လူဆယ်ဦးလောက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် သေနတ်ထိမှန်ခဲ့တဲ့ ကျောင်းသားလေးတွေကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးထားပေမယ့် ဒဏ်ရာအခြေအနေကိုတော့ ချက်ချင်းမသိရသေးဘူးလို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။