ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ ဗင်နီဇွဲလား သမ္မတ မာဒူရိုဟာ အမေရိကန်သံတမန်တွေကို ၇၂ နာရီအတွင်း နိုင်ငံထဲကနေ ထွက်ခွာဖို့ ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။

အခုလို အမေရိကန်သံတမန်တွေကို နှင်ထုတ်ရတဲ့အကြောင်းရင်းကတော့ နိုင်ငံတဝှမ်း အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်ခဲ့တာကို သမ္မတမာဒူရိုက အမေရိကန်ရဲ့လက်ချက်ဖြစ်တယ်ဆိုပြီး သံတမန်တွေကို နှင်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။



ဒါ့အပြင် သမ္မတမာဒူရိုဟာ အမေရိကန်သမ္မဒေါ်နယ်ထ၇မ့်ကိုလည်း သူတို့နိုင်ငံကို ဆိုင်ဘာတိုက်ခိုက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဗင်နီဇွဲလား အစိုးရရှေ့နေ တာရစ် ဆာအက်ကလည်း ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဟွမ်ဂွယ်ဒိုကို စုံစမ်းဖို့ မာဒူရိုထောက်ခံတဲ့ တရားရုံးချုပ်ကို တိုက်တွန်းခဲ့ပါ သေးတယ်လို့သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်းမှာဆိုရင်လည်း ၆ ရက်လောက် လျှပ်စစ်မီးပြတ်တောက်ခဲ့တာကြောင့် ဆေးရုံတွေရှိ စက်ကိရိယာ အသုံးပြုတဲ့အပိုင်းမှာ အခက်တွေ့ခဲ့သလို

အစားအစာတွေ ပုပ်သိုးပြီး အကြီးဆုံး ရေနံဆိပ်ကမ်းက ပို့ကုန်တွေ ရပ်တန့်ခဲ့ပါတယ် လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။