ပရိသတ်ကြီးရေ.. လာမယ့် မတ်လ(၂၃)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အားလုံးလည်း ရင်ခုန်နေလောက်ပြီ ထင်ပါတယ်နော်..။

ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှံ့နေမယ့် အကယ်ဒမီဆုပေးပွဲညကတော့ အနုပညာရှင်များအပြင် ပြည်သူပရိသတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ နေ့ရက်လေး တစ်ရက်လည်း ဖြစ်ပါတယ်နော်..။

(၂၀၁၈)ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဆု(၁၂)ဆုမှာ အနည်းဆုံးဆု (၅)ဆုနဲ့အထက် ရရှိနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်ပြန်ကြော်ငြာလိုက်ပြီ ဖြစ်ပါတယ်နော်..။

အကယ်ဒမီထူးချွန်ဆု (၅)ဆုနဲ့အထက် ရရှိနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေမျှော်မှန်းထားတဲ့ အတိုင်း “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်တာမို့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျလိမ့်မယ် ထင်ပါတယ်နော်..။

နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့အပြင် သလေးသရုပ်ဆောင် ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ သရုပ်ဆောင်ထားကြတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7th even sense production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသ က ရိုက်ကူးပုံဖော်ထားသလို ဇာတ်ညွှန်း - ကိုလွင်မင်းအံ့၊ DOP - ဝင်းလွင်ထက် - စိုးထွဋ်၊ ကင်မရာ - မင်းလေ - အာကာတိုး၊ တည်းဖြတ် - အာကာတိုး တို့က ကြိုးစားပါဝင်ထားကြတာပဲ ဖြစ်ပါတယ်နော်..။

(၂၀၁၈)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုတော့ လာမယ့် မတ်လ(၂၃)ရက်နေ့ ရန်ကုန် The One Entertainment Park မှာ ညနေ(၃)နာရီကနေ စတင်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်နော်..။

Photo - အကယ်ဒမီဆုချီးမြင့်ပွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။