Selena Gomez ဟာဆိုရင် ဒီအပတ်တွေထဲမှာ သူမရဲ့သီချင်းအသစ်ဖြစ်တဲ့ Benny Blanco, J Balvin နဲ့Tainy တို့နဲ့အတူ ဆိုထားတဲ့ I Can't Get Enough သီချင်း Video ကိုထွက်ရှိထားပါတယ်။ အဲ့သီချင်းစာဆိုရင်လဲ တော်တော်ကြာမှ သူမပြန်လည်တီဆိုထွက်ရှိထားတဲ့ သီချင်းတစ်ပုင်္ဒဖြစ်ပါတယ်။ ခုဆိုရင်တော့ Popstar Selena Gomez ဟာ Instagram ပေါ်မှာ သူမရဲ့ ၁၄၇သန်း follower တွေကို ခုထွက်ရှိမဲ့ Album နဲ့ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။ 

" ကျွန်မခုချိန်မှာ စတူဒီယိုထဲရောက်ရှိနေတာဖြစ်ပြီး အကုန်လုံးက ကောင်းမွန်စွာပဲ သွားနေပါတယ် " လို့ Instagram မှာ Live လွင့်ပြီး ပြောပြခဲ့ပါတယ်။ ခုထွက်ရှိလာမဲ့ Album အတွက်လဲ သူမစိတ်တွေလှုပ်ရှားနေကြောင်းပြောပြခဲ့ပါတယ်။ " အဲ့တော့ ခုကျွန်မတကယ့်တကယ့်ကို ကြိုးစားနေပါတယ်...စိတ်ရှည်သည်းခံပြီး အကောင်းမွန်ဆုံး ဖြစ်အောင်လုပ်နေပါတယ်...ပရိသတ်ကြီးကိုလဲ ကျွန်မချစ်ပါတယ်...မကြာခင်မှာ Album ထွက်ရှိလာတော့မှာပါ " လို့သူမကပြောကြားခဲ့ပါတယ်။ 

သူမဟာ ၂၀၁၈ခုနှစ်မပြီးဆုံးခင်ကလဲ ကျန်းမာရေး အနည်းငယ်ဆိုးရွာခဲ့ကာ ကျောက်ကပ်ကိုလဲလှယ်ခဲ့ရပါတယ်။ အဲ့ချိန်မှာ သူမဟာ စိတ်တွေလဲထိခိုက်ခဲ့ပြီး အကြမ်းတမ်းဆုံးအရာတွေကို ခံစားခဲ့ရကာ ဖြတ်သန်းလားခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာ့တွေအကုန်လုံးကတော့ သူမရဲ့အရင်ချစ်သူဖြစ်သူ Justin Bieber နဲ့နောက်ဆုံးလမ်းခွဲခဲ့တဲ့အချိန်က စတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဖြစ်တဲ့ Good For You, Hands To Myself နဲ့Same Old Love တို့က သူမရဲ့ခံစားချက်အစစ်အမှန်တွေပါ။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။