ချစ်ပရိတ်သတ်ကြီးရေ.... လူတွေအတွက် ကမ္ဘာကြီးကလက်ဆောင်ပေးထားတဲ့ သဘာဝအလှတရားဆိုတာဟာ တကယ်ကိုတန်ဖိုးဖြတ်လို့မရနိုင်ပါဘူးနော်။ လူတွေဖန်တီးလိုက်မယ်ဆိုရင်တောင် သဘာဝအလှအပဆိုတာနဲ့ တော်တော်လေးကို ကွာခြားလွန်းပါတယ်။ အခုပြောပြမယ့်နေရာလေးတစ်နေရာကတော့ လူတွေရဲ့ ပရောဂ လုံးဝလုံးဝမပါဘဲ သဘာဝအတိုင်း အကန့်အသတ်မဲ့ကိုလှနေတဲ့နေရာလေးတစ်နေရာအကြောင်းပါ။ တကယ်ကိုသွားချင်စရာလည်းအရမ်းကောင်းတဲ့ ဒီနေရာလေးရဲ့ နာမည်ကတော့ Vitnajökull လို့ခေါ်ပါတယ်တဲ့ဗျ။

Vitnajökull,, ဒါကတော့ ရေခဲလှိုင်ဂူကြီးတစ်ခုရဲ့ နာမည်ပါ။ ဥရောပမှာရှိတဲ့ Ice Landမြို့ ရဲ့အနောက်တောင်ဘက်မှာတည်ရှိနေပြီးတော့ ခါးဒွါမီးတောင်နဲ့ မိုက်ဒရိုးလစ် ဂျိုးစကို ဆိုတဲ့ ရေခဲမြစ်တို့ရဲ့ တွေ့ဆုံမှုကနေ သဘာဝကျကျ ဖြစ်ပေါ်လှတဲ့ အလှပဆုံးရေခဲဂူကြီးပါပဲ။ ဒါပေမယ့် ဒီဂူကြီးရဲ့ အတွင်းဘက် ၈%လောက်က ရေခဲတွေနဲ့ပြည့်နေတာဆိုတော့ အရိုးပါကွဲအောင်စိမ့်နေတာပဲတဲ့ဗျာ။ ဒီတော့ ဒီ အပိုင်းဒေသက မြန်မာတွေသွားလည်မည်ဆိုရင်တော့ အနွေးထည်ကို ဒါဇင်လိုက်ဝင်သွားရဖို့ရှိနေပါတယ်နော်။ ပြီးတော့ ဒီဂူထဲကို လူတစ်ယောက်(၄)နာရီခန့်လောက်သာနေသင့်ပြီးတော့ အနည်းငယ်စွန်းသွားနဲ့ ရောဂါဖြစ်ဖို့ လမ်းစပေါ်ရောက်ဖို့သေချာနေပါပြီနော်။ ကံကောင်းရင်တော့ သေနိုင်ပါတယ်တဲ့။

ဒါပေမယ့် ဒီဂူကြီးထဲကို လည်ပတ်ဖို့ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ဖို့ အချိန်(၄)နာရီဆိုတာ ဘယ်လိုမှမလောက်ပါဘူးနော်။ ဒါကြောင့်တစ်ချို့ Blogger တွေဆိုရင် နှစ်ရက်လောက်ဆက်တိုက်လာကြပါသတဲ့။ အတွင်းထဲမှာ လူတစ်ယောက်ဟာ (၄) နာရီထက်ပိုကြာရင် တစ်ကိုယ်လုံးသွေးတွေ စီးဆင်းမှုနှေးသွား အေးခဲသွားမှာပါနော်။ ဒါပေမယ့် ဒီလိုတားမြစ်မှုတွေကို ဂရုမစိုက်ဘဲ ဂူထဲမှာ တစ်ညလုံးခိုးပြီးနေခဲ့တဲ့သူ ဓာတ်ပုံဆရာတစ်ယောက်တော့ရှိပါတယ်။ သိတဲ့အတိုင်းပဲညဘက်ရောက်ရင်ပိုအေးလေဆိုတော့ ဒီဂူထဲကအလှအပတွေကြားထဲမှာပိတ်မိခဲ့တဲ့ ဓာတ်ပုံဆရာကတော့ မနက်ပိုင်းမှာသွေးခဲပြီးသေဆုံးနေခဲ့ရပါတယ်နော်။ ဒါပေမယ့်အခုအချိန်မှာတော့ ဒီထဲကိုဝင်ရောက်ဖို့အတွက် (၂၄) နာရီလုံး Service ပေးနေတဲ့ ကုမ္ပဏီတွေတော့ရှိနေပါပြီ။ ကဲ.... ဘယ်လိုပဲဖြစ်ဖြစ် မသေခင်တစ်ခေါက်တော့ သွားစေချင်မိပါကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ် ချစ်ပရိတ်သတ်ကြီးရေ.....

Source ; Ice Land : Vitnajökull

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။