မကြာမီအချိန်အတွင်းမှာ ကျင်းပပြုလုပ်တော့မယ် အကယ်ဒမီရုပ်ရှင်ဆုပေးပွဲအတွက် ပရိတ်သတ်တွေကော အနုပညာရှင်အားလုံး ပါ ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲ လာတဲ့ မြန်မာ့ရုပ်ရှင်လောကသားများ အတွက် အကယ်ဒမီရွှေစင်ရုပ်ထုကို ဆွတ်ခူးနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစား ခဲ့ကြပြီး ဆုတွေအတွက် ဆန်ကာတင်စာရင်းတွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။

ထိုနည်းတူစွာ တိုးတက်လာတဲ့ ခေတ်နဲ့လောျ်ညီစွာ ပြောင်းလဲလာတဲ့ ဖက်ရှင်ဒီဇိုင်းတွေကလည်း လူတွေရဲ့ အမြင်ကို ဆန်းသစ်စေနိုင်ပေမယ့် မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဒီဇိုင်းတွေကိုများစွာမြင်တွေ့ကြရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက မြန်မာဝတ်စုံကိုတောင် ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ ပုံစံမျိုး မဟုတ်ပဲ ကိုယ်ရဲ့ ကောက်ကြောင်းအလှတွေကို မြင်ရစေလောက်တဲ့ ဝတ်စုံမျိုးတွေကလည်း များစွာ ထွက်ရှိနေပါတယ်။

ထိုကြောင့် ရှေးယခင်ကတည်းက မြန်မာတို့ အစဉ်အလာအတိုင်း ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ ထိုကဲ့သို့သော မြန်မာ ယဉ်ကျေးမှုနှင့်မကိုက်ညီသော အဝတ်အစားတွေကို ဝတ်ဆင်ခွင့်ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။ ယဉ်ကျေးမှုနှင့်မကိုက်ညီသော အဝတ်အစားများကို ဝတ်ဆင်လာပါက အနုပညာ လုပ်ခွင့်ကို ပိတ်ပင်တားမြင်မည့်အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးကထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

Source: အကယ်ဒမီဆုချီးမြင့်ပွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။