အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားသူလေးကတော့ အေသင်ချိုဆွေပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ တိုက်ဆိုင်နေတတ်ပြီး အခုချိန်ထိ ပရိသတ်အချစ်တွေနဲ့ ဂီတလမ်းကြောင်းပေါ်တွင် အောင်မြင်မှုများစွာနဲ့လျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်။ 

အခုချိန်မှာတော့ အေသင်ဟာ သူမရဲ့သမီးချောလေး IVY နဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ IVY လေးဟာလည်း အမေတူသမီးပီပီ အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပြီး ပရိသတ်တွေကပါ အချစ်တွေပိုနေရတာပါ။ Single Mom ဘဝနဲ့သမီးလေးကိုပြုစုစောင့်ရှောက်နေတာကလည်း အေသင့်အတွက်တော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။  

IVY လေးဟာလည်း ဝဝကစ်ကစ်လေးနဲ့အရမ်းကိုချစ်စရာကောင်းလှပြီး မေမေအေသင်ရဲ့အသည်းကျော်လေးဖြစ်နေတာလည်း ဖြစ်ပါတယ်။မေမေအေသင်ကတော့သမီးလေးရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကချစ်နေရတာပါ။ အခုတစ်ခေါက်မှာလည်း မေမေအသေင်ချိုဆွေရဲ့ ချစ်စရာသမီးချောလေးဖြစ်တဲ့ IVY လေးရဲ့ LIVE Video လေးကို အေသင်ရဲ့ လူမှုကွန်ယက်မှာ မျှဝေထားတာလည်း ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာ ခရမ်းရောင်ဂါဝန်လေးနဲ့ နတ်သမီးလေးတစ်ပါးလိုလှပနေတဲ့ IVY လေးရဲ့ ဖြူစင်ပြီးချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုလေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း IVY လေးရဲ့ live Video လေးကိုကြည့်ရှုအားပေးကြပါဦးနော်။

Source - Athen Chon Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။