ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ဒါရိုက်တာကြီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ဇင်ရော်မောင်မောင်ကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက တစ်စိုက်မက်မက်လုပ်ဆောင်လာခဲ့ပြီး အခုချိန်မှာတော့ ပညာရည်ပြည့်ဝနေတဲ့ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးပုံဖော်နေတဲ့ ဒါရိုက်တာကြီးတစ်ယောက်ပါနော်။အခုချိန်ထိလည်း ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး သူရိုက်ကူးတဲ့ ဇာတ်ကားတွေဟာဆိုရင် ရသအလွန်မြောက်လို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိပါတယ်နော်။

ဒါရိုက်တာဇင်ရော်မောင်မောင်က သားလေး မင်းသန့်မောင်မောင်ကိုလည်း နိုင်ငံရပ်ခြားကို စေလွှတ်ကာ အနုပညာဘာသာရပ်တွေကို သင်စေခဲ့ပြီး သားလေးဝါသနာပါရာကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။မင်းသန့်မောင်မောင်ကလည်း ဖေဖေ မေမေရဲ့ အနုပညာသွေးတွေစီးဆင်းနေတာဖြစ်လို့ အနုပညာပါရမီကတော့ ပြောစရာမလိုအောင်ပင်အရမ်းကောင်းပါတယ်နော်။အခုဆိုရင်တော့ မင်းသန့်မောင်မောင်က မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး ဖေဖေနဲ့အတူ အလုပ်တွေကို ဝိုင်းကူလုပ်ပေးနေပါပြီ။

အမေဖြစ်သူ မေသန်းနုကလည်း သားလေးကို အရိပ်တကြည့်ကြည့်နဲ့ သေချာဂရုစိုက်စောင့်ရှောက်နေပြီး လိုလေသေးမရှိအောင်ထားပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။မင်းသန့်မောင်မောင်ကလည်း မိဘတွေအပေါ် သိတတ်ရိုသေတဲ့ သားလိမ္မာလေးတစ်ယောက်ပါ။အခုဆိုရင်တော့ မင်းသန့်မောင်မောင်က မေမေနဲ့အတူ အားလပ်ချိန်တွေမှာ လည်ပတ်နေပြီး မိသားစုလိုက် ဟော့ပေါ့သွားစားကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Zin Yaw Mg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။