ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့ ချန်ပီယံလိဒ်ပြိုင်ပွဲကြီးကတော့ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ကွာတားဖိုင်နယ်ရောက်လာတဲ့အသင်းတွေထဲမှာတော့နာမည်ကြီးဘာစီလိုနာ၊မန်စီးတီး၊ဂျူဗင်တပ်၊စပါး၊မန်ယူ၊လီပါပူး၊အေဂျက်၊ပေါ်တိုအသင်းတို့တက်ရောက်လာတာဖြစ်ပါတယ်။

ဒီနှစ်ကွာတာဖိုင်နယ်မှာတော့အင်္ဂလန်အသင်း၄သင်းတောင်ကွာတားဖိုင်နယ်ကိုတက်ရောက်လာတာဖြစ်ပါတယ်။နာမည်ကြီးပီအက်ဂျီ၊ဘိုင်ယန်မြူးနစ်အသင်းတို့ကိုမထင်မှတ်တဲ့ရလဒ်တွေနဲ့အနိုင်ယူပြီးတက်လာခဲ့တဲ့အင်္ဂလန်ကလပ်တွေကတော့ခြေစွမ်းပိုင်းကအကောင်းဆုံးမှာရှိနေတာပါ။ရှော်ကေးအသင်းကို၇ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့မန်စီးတီးအသင်းကတော့ဒီနှစ်မှာဗိုလ်ဆွဲဖို့ရေပန်းစားနေတာဖြစ်ပါတယ်။

ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုဒီနေ့ညနေမှာမဲခွဲမှာပဲဖြစ်ပါတယ်။ခုမှာတော့ချန်ပီယံလိဒ်မဲခွဲပွဲမလုပ်ခင်ကွာတားဖိုင်နယ်ပွဲစဉ်တွေပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။ယူအီးအက်အေ ရဲ့အဖွဲ့ချုပ်မှအမှုဆောင်တစ်ယောက်ရဲ့စာရွက်ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။ပေါက်ကြားသွားတဲ့စာရွက်ထဲမှာတော့မန်ယူ-စပါး၊ ဘာစီလိုနာ-မန်စီးတီး၊ ဂျူဗင်တပ်-ပေါ်တို၊ လီဗာပူး-အေဂျက် တို့တွေ့ဆုံနေတာကိုပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။

SOURCE:The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။