One Direction အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Louis Tomlinson ရဲ့ အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့ ညီမလေးဖြစ်သူဟာ မထင်မှတ်ထားပဲ နှလုံးဖောက်ကာ သေဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။ ဒီမထင်မှတ်စရာ စိတ်မကောင်းစွားနဲ့သေဆုံးခဲ့ရတဲ့ Félicité ဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ကာ Instagram Star တစ်ယောက်ဖြစ်ကာ Follower ၁.၃သန်းရှိပါတယ်။ အဲ့အတွက် လူတိုင်းက စိတ်မကောင်းဖြစ်နေကြကာ...ဒီကိစ္စဟာဆိုရင်လဲ တကယ့်ကိုထူးဆန်းစရာပါပဲ။  

အစ်ကိုဖြစ်သူ Louis ကတော့ ယူကျုံးမရဖြစ်ပြီး စိတ်တွေကယောက်ကယက်ဖြစ်နေခဲ့ပါတယ်။ သူမရဲ့သေဆုံးမှုဟာ တကယ်ကိုစိတ်မကောင်းစရာလဲ ဖြစ်သလို ထူးလဲထူးဆန်းနေခဲ့ပါတယ်။ ရဲတွေပြောကြားချက်အရ သူမဟာ ဘာဆေးမှ မသုံးထားပါဘူး.... Félicité ကို Fizzy လိုသိထားကြပြီး သူမဟာ ရှင်းပြလို့မရတဲ့ ကိစ္စနဲ့ သေဆုံးခဲ့ရပါတယ်။ ဆေးရုံးကလူတွေလဲ သူတို့တွေတဲ့ချိန်မှာ သေဆုံးနေပြီဖြစ်ပါတယ်။ 

၂၀၁၆ခုနှစ်တုန်းကလဲ Louis ရဲ့အမေဟာ သွေးကင်ဆာနဲ့သေဆုံးခဲ့ပါတယ်။ ခုချိန်မှာလဲ သူညီမဖြစ်သူဟာ အသက် ၁၈နဲ့တင်သေဆုံးခဲ့ရတာ သူ့အတွက် ဆုံးရှုံးမှုတွေ အရမ်းများနေပြီထင်တယ်။ သူဆိကို 1D အဖွဲ့ဝင်တွေအပြင် တခြားသောအနုပညာရှင်တွေကလဲ ဝမ်းနည်းကြောင်းစာပိုခဲ့ပါတယ်။ သူအနေနဲ့တော့ခုချိန်မှာ စိတ်ရောကိုယ်ပါ အနားယူဖို့တွေရှိနေကာ ရှိသမျှအလုပ်ကိစ္စတွေကိုလဲ ပယ်ဖျက်လိုက်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။