မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် ၂၀၁၈ ခုနှစ်၊ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးမှာတော့ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေက ရွှေကြိုအဖြစ် ပါဝင်ကြမှာ ဖြစ်ပါတယ်။ ရွှေကြိုမောင်မယ်လေးတွေထဲမှာတော့ ရုပ်ရှင်သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလနဲ့ ဟာသသရုပ်ဆောင် ခင်လှိုင့်ရဲ့သမီးလေး သဇင်ထူးမြင့်တို့ကတော့ ချစ်စရာကောင်းတဲ့ ရွှေကြိုစုံတွဲလေးအဖြစ် ပါဝင်ကြမှာ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးအတွက် အတူတူ လေ့ကျင့်ပြင်ဆင်နေကြတဲ့ သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေက လိုက်ဖက်ညီလွန်းလို့ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့နှစ်ယောက်က အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းလေးတွေဖြစ်နေကြသလို တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်လေ့ရှိကြပါတယ်။ ဒီနေ့မှာလည်း သူတို့နှစ်ယောက်က အင်တာဗျူးအတူဖြေပြီး မုန့်အတူသွားစားဖြစ်ခဲ့ပါတယ်။

အနုပညာရှင်တွေနဲ့အတူ "Kim Pot House " ဆိုင်ဖွင့်ပွဲလေးမှာ မုန့်အတူစားနေကြတဲ့ သူတို့နှစ်ယောက်က စားနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဆေးထိုးစနောက်ခဲ့ကြပါတယ်။ ရယ်စရာကောင်းတဲ့ Effect တွေနဲ့ အပြန်အလှန် ဆေးထိုးနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကတော့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ရဲ့ ချစ်စရာဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint & Phonemin Nay La;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။