ပရိသတ်တွေအချစ်တော်လေး ခေးမေချစ်သုဝေကတော့ အနပညာလောကရဲ့အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုပိုင်းမှာလဲပိုင်နိုင်ကျွမ်းကျင်တဲ့အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခေးမေလေးချစ်သုဝေကတော့ ယခုမှာအနပညာအလုပ်တွေလဲလုပ်ရင်း ချစ်စရာကောင်းလွန်းတဲ့ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကို ပြုစုပျိုးထောင်နေပါတယ်။  

ခေးမေးချစ်သုဝေကတော့ သမီးလေးကို စနစ်တကျပြုစုပျိုးထောင်ရင်း ပျော်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ချစ်ခင်ပွန်းနဲ့အတူ တည်ဆောက်ထာနိုင်ခဲ့ပါတယ်။ ချစ်သုဝေကတော့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ခေတ်သစ်ဖောင်ဒေးရှင်းလေးကို တည်ထောင်ထားခဲ့တာပဲဖြစ်ပါတယ်။ 

ယနေ့မှာတော့ ခေးလေးချစ်သုဝေဟာ ၈နှစ်အကြာမှ ထွက်ရှိလာတဲ့ကတိဆိုတဲ့အခွေလေးအတွက် ဟင်္သာတက အချစ်တို့အနှစ်တို့ဆီ အရောက်လာတော့မှာပဲဖြစ်ပါတယ်။ ချစ်သုဝေကတော့ " ဟသာၤတ" မှအချစ်တို့အနှစ်တို့.. အချစ်ကလေး လာပြီနော်!!မနက်ဖြန် မနက် ၁၀နာရီ Beauty city ဆိုင်ဖွင့်ပွဲမှာ ဆုံမယ် ကတိခွေ အားပေးသူတိုင်းကိုလည်းလက်မှတ်ထိုးပေးပြီး ခွေထဲကသီချင်းတွေလည်းဆိုမယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE: ချစ်သုဝေ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။