ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တာကတော့ ကုလသမဂ္ဂအနေနဲ့ ဆီးရီးယားနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက် ရန်ပံငွေတည့်ဝင်မယ့် ကတိကဝတ်တွေ ရခဲ့တယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး မက်ခ်လိုးခါ့ခ်ဟာဆိုရင်လည်း ဒီရန်ပုံငွေတွေဟာ ဆီးရီးယားနိုင်ငံတလွှားမှာရှိတဲ့ သန်းချီတဲ့ အသက်တွေကို ကယ်ဆယ်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ ကူညီနိုင်မှာမို့ ဝမ်းသာမိ တယ်လို့ ပြောကြားထားတာတွေ့ရပါတယ်။

ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးအလှူရှင် ဥရောပသမဂ္ဂ (အီးယူ) က ၂၀၁၉ ခုနှစ်အတွက် ယူရို ၂ ဘီလီယံ ရန်ပုံငွေထည့်ဝင်ဖို့ ကတိပြုခဲ့ပေမယ့် အဲဒီအလှူငွေ စုစုပေါင်းပမာဏထဲမှာ တူရကီနိုင်ငံမှာ ရောက်ရှိနေတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို ကူညီထောက်ပံ့မယ့် ပမဏလည်း ပါဝင်နေပါတယ်လို့သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။