သရုပ်ဆောင် မင်းသားချော ဟိန်းဝေယံကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရလောက်အောင် အရမ်းကို လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ စကားပြောချိုသာပြီး ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် အမြဲထင်ပေါ်နေတတ်တဲ့ ဟိန်းဝေယံက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုကို ရိုက်ကူးနေပါတယ်။ " ချစ်ခြင်းအလင်္ကာ" လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ အဆိုတော်၊သရုပ်ဆောင် ရတနာမိုင်လည်း ပါဝင်တာ ဖြစ်ပါတယ်။

စတင်ရိုက်ကူးနေပြီဖြစ်တဲ့ ဒီဇာတ်ကားကြီးမှာတော့ ဟိန်းဝေယံနဲ့ ရတနာမိုင်တို့ အနုပညာမောင်နှမနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်ရုပ်ကို တာဝန်ကျေပွန်အောင် အကောင်းဆုံး သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အခုလည်း မိုင်လေးက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံလေးတွေကို ပြန်တင်ပေးထားပါတယ်။ ဗိုက်ကြီးသည်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုင်လေးက ဟိန်းဝေယံကို ဘေးကနေ စနောက်နေတာလည်း တွေ့ရပါတယ်။

ဗိုက်ကြီးသည်ဇာတ်ရုပ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မိုင်လေးနဲ့ ရုတ်တရက် Snap မိသွားတဲ့ ဟိန်းဝေယံတို့ရဲ့ ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက် အတွဲညီညီနဲ့ သရုပ်ဆောင်နေတဲ့ ဇာတ်ကားလေးကို စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟိန်းဝေယံနဲ့ ရတနာမိုင်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yadanar My;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။