ချစ်ပရိသတ်ကြီးရေ လက်ရှိအနုပညာလောကမှာ အောင်မြင်တဲ့အနုပညာရှင်တွေထဲမှာတော့ ရွှေပိုးအိမ်တစ်ယောက်လည်းအပါအဝင်ပဲဖြစ်ပါတယ်နော်။ မော်ဒယ်လ်လောကကနေ အနုပညာနယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိထားတာဖြစ်ပါတယ်။ ဒီဇိုင်းဆန်းလေးတွေ အမြဲဝတ်ဆင်လေ့ရှိပြီး ကြည့်မိသူပရိသတ်တွေရဲ့ ရင်ထဲအသည်းထဲကို ဆန်းသစ်အေးမျှစေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ဆွဲဆောင်မှုရှိရှိ ပုရိသအပေါင်းကိုဆွဲဆောင်ညှို့ယူဖမ်းစားနိုင်တဲ့ မော်ဒယ်လ်သရုပ်ဆောင်ရွှေပိုးအိမ်လို့အများကသိကြတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကို အများအပြားလက်ခံရိုက်ကူးထားတာဖြစ်ပါတယ်။ photo shooting ရိုက်ကွင်းပေါ်က သူမရဲ့ အလှပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ ခေတ်ဆန်ဆန် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပင်မဲ့လည်း ဘုရားသွားကျောင်းတက်တဲ့အခါမှာတော့ မြန်မာဝတ်စုံလေးတွေနဲ့ ရိုးရိုးယဉ်ယဉ် လှပနေသူလေးဖြစ်ပါတယ်။

ရွှေပိုးအိမ်ဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ပစ်တိုင်းထောင်သီချင်းလေးနဲ့ tik tok ဗီဒီယိုဖိုင်ပြုလုပ်ထားတာဖြစ်ပြီး သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသသထားတာဖြစ်ပါတယ်....။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။