အဆိုတော်မလေး Sophia Everest Aurora ကတော့ Myanmar Idol Season 1 ပြိုင်ပွဲကြီးကတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့သူလေး ဖြစ်ပါတယ်။ အများနဲ့မတူ တစ်မူထူးခြားတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုဖီယာက သူမရဲ့ဆွဲငင်အားပြင်းတဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ အားလုံးကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဆိုဖီယာက အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ နာမည်ကြီးလူကြိုက်များနေပြီ ဖြစ်ပါတယ်။

ဆိုဖီယာက တစ်ကိုယ်တော် အခွေတွေထွက်ရှိထားသလို သူမရဲ့သီချင်းကောင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ နံပါတ်တစ်နေရာကနေ ရေပန်းစားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ မှော်ဘီတက္ကသိုလ်ရဲ့ ကျောင်းသင်္ကြန်ပွဲကိုလည်း ဆိုဖီယာက သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ဆိုဖီယာက Dancer ကောင်လေးချောချောလေးတွေနဲ့အတူ အမိုက်စား ကပြဖျော်ဖြေပြီး ပရိသတ်တွေကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ဆိုဖီယာက မှော်ဘီကျောင်းသင်္ကြန်ပွဲမှာ ကျောင်းသား၊ကျောင်းသူတွေရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။ ဆိုဖီယာရဲ့ သီဆိုဖျော်ဖြေမှုအောက်မှာ ပရိသတ်တွေကလည်း ပျော်ပျော်ပါးပါး ကခုန်ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ဆိုဖီယာရဲ့ ကျောင်းသင်္ကြန်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sophia Everest Aurora;

Video - Austen;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။