အောင်မြင်ကျော်ကြားတဲ့ Korea အနုပညာရှင်တွေပါဝင်တဲ့ Sun Burning အမှုဟာဆိုရင် နိုင်ငံရဲ့ အနုပညာရှင်သမိုင်းမှာ ဆိုးရွာစွာ ရှိနေခဲ့ပါတယ်။ အဲ့အမှုဟာဆိုရင်လဲ ခုချိန်မှာ စုံစမ်းစစ်ဆေး မေးမြန်နေတုန်းပဲဖြစ်ကာ ပါဝင်သူ ၃ယောက်ကတော့ ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အမှုဖြစ်လာရတဲ့ ကိစ္စကတော့ Group တစ်ခုမှာ မိန်းကလေးတွေရဲ့ အလိုမတူပဲ အနိုင်ကျင့်ထားတဲ့ ပုံတွေ၊ ဗီဒီယိုတွေနဲ့ ခိုးရိုက်ထားတဲ့ ဟာတွေကို အပြန်အလှန် share ကြရင်စတာဖြစ်ပါတယ်။ 

အဲ့ Group မှာလဲ ကိုရီယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေပါဝင်နေခဲ့ကြပါတယ်။ အမှုထဲမှာပေါ်လာတဲ့ ၃ယောက်ကတော့ Jung Joon Young , Big Bang အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seungri နဲ့ Jonghyun တို့ဖြစ်ပါတယ်။ JJY ကစပေါ်တာဖြစ်ကာ Seungri ကလဲ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ကာ Jonghyun ကတော့ Groupထဲမှာ JJY ရဲ့ video တေကြည့်ခဲ့ကာ သူလဲပါဝင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ကိစ္စတွေကို ဖော်ထုတ်နေတဲ့ သတင်းသမားကတော့ ကံဆိုးရှားခဲ့ပါတယ်။ 

သတင်းသမားဖြစ်သူ Oh Hyuk Jin ဟာအဲ့အမှုကို အသိဆုံးနံပါတ်တစ်စာရင်းဝင်ကာ သူက အကုန်လုံးကိုဖော်ထုတ်သွားဖို့ကြိုးစားနေတတ်သူဖြစ်ပါတယ်။ သတင်းသမားရဲ့အိမ်ဟာ အဲ့အမှုကိုဖော်ဖို့ကြိုးစားနေတုန်းမှာ သူအိမ်ဟာမီးရှို့ခံခဲရပါတယ်...ဒါဟာဘာကြောင့်လဲ။ သူဟာအဲ့မတိုင်ခင်မှာ အမှုထဲမှာပါနေတဲ့ နောက်ထပ်တစ်ယောက်ကို ရက်ပိုင်းအတွင်းမှာ ဖော်ထုတ်မယ်လို့ပြောခဲ့ပါသေးတယ်။ ခုတော့သူဟာ အိမ်မီးရှို့ခံရပြီး လူဟာဆိုရင်လဲ ပျောက်နေခဲ့ကာ သူရဲ့ အကောက့်ဟာဆိုရင်လဲ ခဏပိတ်ထားပါတယ်။

Source : Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။