အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့အသည်းနှလုံးကိုဖမ်းစားတတ်သူ အဆိုတော်ဝိုင်းလေးက တော့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့သံစဉ် လေးတွေဟာ စီးမျောလိုက်ပါခံစားလို့ကောင်းတာမို့ အားလုံးရဲ့နှလုံးသားထဲကို အလွယ်တကူပဲ စိမ့်ဝင်သွားခဲ့ပါတယ်။ သီချင်းဆိုပြိုင်ပွဲတစ်ခုကနေ အောင်မြင်တဲ့အဆိုတော် အဖြစ်ကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။

အသံလေးကလည်းချိုသလို ရုပ်ကလေးလည်း ချစ်စရာကောင်းတာမို့ ကိုကိုပုရိသတို့ရဲ့ ဝန်းရံ မှုကို လည်း ရရှိထားသူလေးပါပဲ။ Miss တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခင်ဝင့်ဝါနဲ့လည်း သိချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါသေးတယ်။ သူငယ်ချင်းဖြစ်သူရဲ့ " လှပ်၍လွင့်သော " ရုပ်ရှင်ဇာတ်ကားပြပွဲ ကိုအလုပ်မအားလို့ မလာနိုင်ကြောင်းနဲ့ အပြည့်အဝအားပေးနေကြောင်း ကို သူမရဲ့လူမှုကွန်ယက်က နေ ပြောခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်က သူမကိုပရိသတ်တစ်ယောက်က Apple Watch တစ်လုံးလက်ဆောင်ပေးခဲ့ တာနဲ့ ပက်သက်ပြီး သူမရဲ့ခံစားချက်ကို " Surprise လက်ဆောင်ရရှိ Fans gift ဆိုပေမဲ့ နောက်တခါ တန်ဖိုး ကြီးလက်ဆောင်တွေမပေးဖို့ မေတ္တာရပ်ခံပါတယ် သီချင်းတွေအား ပေးရင် ရှိုးပွဲတွေလာအားပေးရင် ကျေနပ်ပါပြီ " ဆိုပြီးပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုချစ်စရာ အဆိုတော်မလေးကို ပရိသတ်ကြီးက ပိုပိုပြီးချစ်ပေးလိုက်ပါဦးနော်။

Photo - Wine Yee Shunn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။