ပါးချိုင့်မင်းသမီးလေးတစ်ယောက် Dear Thanakha Cream ကြော်ငြာရိုက်ကူးနေတဲ့ ရိုက်ကွင်းထက် က Video လေးကို သူမရဲ့ Instagram မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ ဒီ Video လေးထဲမှာ အေးမြတ်သူ တစ်ယောက် ရေချိုးခန်းထဲကနေ မွှေးပွရေချိုးဝတ်လေး ဝတ်ပြီး ဆံနွယ်တွေကို သဘက်နဲ့ရေသုတ်ပြီး ထွက်လာတဲ့ ပုံစံလေးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ မင်းသမီး တစ်လက်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အကယ်ဒမီမပိုင်ဆိုင်ရသေးပေမယ့် ပရိသတ်တွေ ပေးတဲ့ ရင်ထဲက အကယ်ဒမီကိုတော့ သူမက ပိုင်ဆိုင်ထားနှင့်ပီးသားပဲ ဖြစ်ပါ တယ်။ ပြုံးလိုက်တိုင်းပေါ်လာတဲ့ သူမရဲ့ပါးနုနုထက်က ပါးချိုင့်လေးတွေက အားလုံးရဲ့နှလုံး သားတွေကို အရည်ပျော်ကျ သွားလောက်အောင်ကို ဆွဲဆောင်မှုပိုပြီး ချစ်စရာကောင်းလွန်း နေပါတယ်။

အချိန်တိုင်းမှာ ပြုံးပြုံးလေးနေတတ်တဲ့ ချစ်စရာကောင်းတဲ့အပျိုကြီးမမကတော့ ခုချိန်ထိ တစ်ကိုယ် တည်း အပျိုကြီးအဖြစ်နဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေဆဲပါပဲ။ အနုပညာ အလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ခရီးတွေလည်းမကြာခဏ ထွက်တတ်သူ တစ်ယောက်ပါပဲ။ ပျော်ပျော်နေ တတ်ပြီး ချစ်စရာကောင်းတဲ့ အပျိုကြီးမမရဲ့ ရိုက်ကွင်းထက်က Video လေးကို တင်ဆက်ပေးလိုက် တယ်နော်။

Photo - Nyi Nyi Maung / Video - Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။