မြန်မာ့လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ထိုင်းထိပ်သီးကလပ်မြောင်တောင်အသင်းမှာပါဝင်ကစားနေတာဖြစ်ပါတယ်။အောင်သူကတော့လေ့ကျင့်ခန်းအစီစဉ်တွေခြေစမ်းပွဲတွေမှာခြေစွမ်းပြနိုင်တာကြောင့်ထိုင်းပရိသတ်တွေအားပေးနေရတဲ့ကစားသမားဖြစ်ပါတယ်။မြောင်တောင်အသင်းဟာထိုင်းထိပ်သီးအသင်းဖြစ်ပြီးလက်ရွေးစင်ကစားသမားကောင်းတွေပါဝင်တာကြောင့်အောင်သူအနေနဲ့နေရာရဖို့ရုန်းကန်နိုင်ရပါတယ်။ 

ထိုင်းပရီးမီးယားလိဒ်ပွဲစဉ်တွေကိုကျင်းပလာတာဟာပွဲစဉ်၄ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ပွဲစဉ်၄ကိုရောက်လာတာနဲ့ပွဲစဉ်တိုင်းကပြိုင်ဆိုင်မှုပြင်းထန်ပြီးပရိသတ်အားပေးမှုလည်းအပြည့်ပဲဖြစ်ပါတယ်။

မြောင်တောင်အသင်းရဲ့ပွဲစဉ်၄အဖြစ်မနေ့ညကချင်းရိုင်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး(၂-၃)နဲ့အနိုင်ရခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာတော့အောင်သူဟာအရန်မှာသာပါဝင်ခဲ့ပါတယ်။အောင်သူဟာပွဲစဉ်၃မှာလည်းအရန်မှာသာပါဝင်ခဲ့ပါတယ်။ခုလို၂ပွဲဆက်တိုက်ပါဝင်ကစားခွင့်မရတာနဲ့ပတ်သတ်ပြီးလဲပရိသတ်တွေကြားမှာဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။နောက်ပွဲစဉ်တွေမှာလည်းအောင်သူရဲ့ပွဲထွက်ခွင့်ဟာစိတ်ဝင်စားဖို့ကောင်းနေပြီးဘယ်လိုရလဒ်တွေနဲ့ပွဲထွက်ကစားနိုင်မလားဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:Maungthaung United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။