အနုပညာလောကကို အရှိန်အဟုန်ကောင်းစွာနဲ့ ပြန်လည်ဝင်ရောက်ခဲ့တဲ့ မင်းသမီးချောလေးဖြစ်တဲ့ အေးဝတ်ရည်သောင်းက ယခင်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးဖြစ်တဲ့ အပြင် သူမရဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားမှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ယခင်ကနဲ့ မတူတော့အောင် ပြောင်းလဲပြီး လှလာတဲ့ မအေးသောင်းရဲ့ အလှတွေကတော့ မြင်သူတိုင်းငေးမောရတဲ့ အပြင် ပုရိသတွေရဲ့ အရမ်းကို ချစ်ရတဲ့ မတ်မတ်တစ်ဦးအဖြစ်ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ထူးခြားတဲ့ အလှတွေကြောင့် မိန်းကလေးပရိသတ်တွေကပါ အရမ်းချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလမ်းပေါ်ကို ပြန်လည်ရောက်ရှိလာပြီး ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာတာကိုလည်း မြင်တွေ့ရမှာပါ။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားတွေကို လည်း ဆက်လက်ရိုက်ကူးလျက်ရှိနေပါတယ်။ ယခုလည်း ကြော်ငြာတစ်ခုအတွက်ရိုက်ပေးထားတဲ့ ယခင်ကနဲ့ မတူပဲ လူပါ မှားရလောက်အောင် လှနေတဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။