ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အဆိုပြုရွေးချယ်မှု အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ပါတယ်။

သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သွားကြမည် ဖြစ်ပါတယ်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့ MFF ဥက္ကဋ္ဌနှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။