ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာ လူငယ်ပရိတ်သတ်တွေကြားထဲရေပန်းအရမ်းစားနေပြီး အနုပညာလမ်းကြောင်းပေါ်မှဖြေးဖြေးနဲ့မှန်မှန်လေးလျှောက်လှမ်းနေခဲ့တဲ့ သူလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်ဘေဘီစူးရှထက်ပဲဖြစ်ပါတယ်နော်။ sexy modelတစ်ယောက်ဖြစ်သလို အမိုက်စားဖက်ရှင်တွေကြောင့်ပုရိသတွေအခိုင်အမာအားပေးခြင်းခံနေရသူလေးပါ။

အမိုက်စား ပြည့်တင်းနေတဲ့ ခန္ဓာကိုယ်လှလှလေးရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အချွဲပိုနေတဲ့ စကားသံလေးတွေကြောင့် ပရိတ်သတ်တွေအချစ်တွေပိုနေရသူလေးပါနော်။ sexy modelမလေးဖြစ်တဲ့အတွက် ဝေဖန်မှုတွေများစွာခံနေရပေမယ့် သူမကို အားပေးတဲ့ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကိုပဲရင်ထဲမှာသိမ်းထားပြီး အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်နေနိုင်ဖို့ကြိုးစားနေသူလေးပါနော်။

အခုတစ်ခါမှာတော့ သူမဟာ sexyဆန်ဆန် ဖက်ရှင်မျိုးမဟုတ်ဘဲ မြန်မာဝတ်စုံလေးကိုဝတ်ကာ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့ ဘုရားပေါ်တက်ပြီး အလှပုံရိပ်လေးတွေကိုရိုက်ကူးခဲ့ပါတယ်နော်။ဘုရားလည်းဖူးရင်း အလုပ်လည်းလုပ်ရင်းနဲ့ အရမ်းကိုကြိုးစားနေတဲ့သူမဟာ ဘုရားပေါ်ကို သူမရဲ့အချစ်တော်လေးတွေကိုခေါ်ကာ ရှူတင် လည်းရိုက်ရင်း ဘုရားလည်းဖူးရင်းနဲ့ ကုသိုလ်တွယူဖြစ်ခဲ့ပာတယ်နော်။ ကဲ.... မြန်မာဝတ်စုံလေးနဲ့ စူးရှထက် ဘယ်လိုပုံရိပ်လှလှလေးတွေကိုရိုက်နေလဲဆိုတဲ့ ရိုက်ကွင်းနောက်ကွယ် သူငယ်ချင်းတွေနဲ့အတူရိုက်ထားတဲ့ပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။