အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းကတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ သူမရဲ့တစ်ကိုယ်တော်အခွေတွေကလည်း အောင်မြင်မှုရရှိခဲ့သလို လက်ရှိမှာလည်း ရှိုးပွဲပေါင်းများစွာမှာ ပါဝင်ဖျော်ဖြေလျှက်ရှိပါတယ်။ ဝေဖန်တိုက်ခိုက်မှု၊ အခက်အခဲတွေကြားက ထိုးဖောက်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တဲ့ ဝိုင်းစုက လက်ရှိမှာတော့ သူမလိုချင်တောင့်တရတဲ့ ကိုယ်ပိုင်ဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။  

ဝိုင်းစုခိုင်သိန်းကတော့ လွတ်လွတ်လပ်လပ်နေတက်သူတစ်ယောက်ဖြစ်သလို ခရီးသွားခြင်းနှင့်အတူ ရေကို ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မကြာခဏ ပင်လယ်ကမ်းခြေတွေနဲ့ ရေတံခွန်ရှိရာနေရာတွေကို သွားလည်တက်ပြီး အမိုက်စားပုံရိပ်တွေကို ရိုက်ကူးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝိုင်းစုကတော့ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ငွေဆောင်ကမ်းခြေရောက်အမှတ်တရပုံရိပ်လေးတွေကို ရိုက်ကူးထားတာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေကတော့ ငွေဆောင်ကမ်းခြေကို ရောက်ရှိနေတဲ့ ဒီကနေ့ ပုံရိပ်လေးတွေပဲဖြစ်ပြီး လှပတဲ့ ကမ်းခြေကြီးနားမှာ အမိုက်စားပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဝိုင်းစုရဲ့ ဒီကနေ့ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Wyne Su Khanig Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။