ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်ဆယ်လီစုံတွဲတွေထဲမှာ ပိုင်ဇေရဲထွန်းနဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်တို့ စုံတွဲလေးကတော့ ရိုမန်တစ်အဆန်ဆုံးလို့ ဆိုရမှာပါပဲနော်..။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်နားလည်မှုလေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျအချစ်ပိုစေတဲ့ ပြည်သူ့အချစ်တော် သူတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားကြသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ဖြတ်သန်းနေတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားကျမှုတွေနဲ့အတူ နုပျိုလှပမှုတွေကတော့ ကလေးသုံးယောက်အမေလို့ မထင်ရအောင်ကို အပျိုလေးတွေရှုံးလောက်အောင် လှသွေးကြွယ်နေသူလည်းပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိတဲ့ အလှတရားတွေနဲ့ ဝင့်ကြွားစွာလှသွေးကြွယ်နေပုံများ ခင်ပွန်းဖြစ်သူ ပိုင်ဇေရဲထွန်းတောင် စိတ်မချနိုင်လောက်အောင် အလှကြီးလှနေတာပါပဲနော်..။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးမှုလေးတွေနဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုမှန်ကန်ခဲ့ကြတဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးဇင်သဲနိုင်တို့ကတော့ ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို တစ်နေ့ထက် တစ်နေ့ အချစ်ပိုစေကြတဲ့ စုံတွဲလေးတစ်တွဲပါပဲ..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ Myanmarload မှ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ရဲ့ ချစ်ပရိသတ်တွေအတွက် တည်ငြိမ်တဲ့အလှနဲ့ ချစ်စရာကောင်းစွာ လှသွေးကြွယ်နေတဲ့ ဇင်သဲနိုင်ရဲ့ အလှပုံရိပ်လေးတွေက်ုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဇင်သဲနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။