Beauty Blogger နေခြည်ဦးဆိုတာနဲ့ပရိသတ်တွေရင်ထဲမှာ ဘယ်လိုမိတ်ကပ်အပြင်အဆင်တွေနဲ့ မြင်ရမလဲ၊ ဘယ်လိုဖက်ရှင်အလန်းစားတွေနဲ့မြင်ရမလဲ၊ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့မြင်ရမလဲဆိုတာ ပရိတ်သတ်တွေက အမြဲစိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးဟာ Beauty Blogger အနေနဲ့အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အချိန်ကစပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့သလို သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာတဲ့အခါမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ကြိုးစားမှုတွေကြောင့်ပရိသတ်တွေသာမကအနုပညာရှင်တွေကပါသူရဲ့အောင်မြင်မှုတွေကိုအားကျနေရတာပါ။သူမကတော့ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူ့တို့ရဲ့တစ်ယောက်ကိုတစ်ယောက်ချစ်ပြီးဂရုစိုက်နေတဲ့ပုံရိပ်တွေကလည်းပရိသတ်တွေအားကျနေရတာပါ။ 

သူတို့ရဲ့စုံတွဲပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကစောင့်ကြည့်အားပေးနေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ချီချီကတော့ ချစ်သူရှိရာ မန္တလေးမြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမချစ်သူနဲ့ ကြည်နူးပျော်ရွှင်နေတဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေကိုဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Aung Nway Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။