ချစ်ပရိသတ်ကြီးရေ "ချစ်ခဲ့ဖူးသမျှ"၊ ဘာမှမလိုဘူး"၊ "သတိရရင်" ဆိုတဲ့ သီချင်းဗီဒီယိုလေးတွေနဲ့ လူငယ်ပရိသတ်တွေကြား ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တဲ့ အဆိုတော် ပိုပို ကိုသိကြမယ်ထင်ပါတယ်နော်...။ အမြဲလိုလို သီချင်းအလန်းတွေကို ဖန်တီးတင်ဆက်နေတာဖြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံလေးတွေကြောင့် ပရိသတ်အများရဲ့ချစ်ခင်အားပေးမှုကို လက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်....။ ပိုပိုဟာဆိုရင် ဂီတလမ်းကြောင်းမှာအောင်မြင်ရုံသာမက အနုပညာလမ်းကြောင်းမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်နေတာကို တွေ့ရမှာပါ...။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ အခမ်းအနားဖွင့်ပွဲတွေလည်း တက်ရောက်လေ့ရှိတာဖြစ်ပါတယ်...။ အမြဲပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပရိသတ်အချစ်တော် မတ်မတ်ပိုကတော့ Tik Tok ဗီဒီယိုလေးတွေလည်း ဆော့ကစားတတ်ကြပြီး သူမရဲ့ TikTok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုအောင် ဖမ်းစားတတ်ပါသေးတယ်နော်..။ သိတ်မကြာခင်ကထွက်ရှိထားတဲ့ "ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်" သင်္ကြန် သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာပဲ ကြည့်ရှုအားပေးသူ အမြောက်အများ ရရှိခဲ့တာဖြစ်ပါတယ်...။

အဆိုတော်ပိုပိုဟာဆိုရင်ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း "သာပေါင်းမြို့ကနေ ည၃ နာရီ သီဆို ဖျော်ဖြေပြီးချင်း ဖားကန့်သွားဖို့ မမှီမှာစိုးလို့ လေဆိပ်ကို မအိပ်ပဲ တန်းဆင်းလာရတော့ အိပ်ရေးမဝပဲ ငူငူငိုင်ငိုင်ဖြစ်နေတာ ရုပ်ခံလေးနဲ့ ထိန်းထားလို့တော်သေး"လို့ဆိုတဲ့ ပင်ပန်းနေကြောင်း ပရိသတ်ကြီးကိုအသိပေးထားတဲ့ status လေးနဲ့အတူ သူမရဲ့ အလှပုံရိပ်လေးတွေကို official facebook acc တွင် ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပါတယ်....။ Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။