Justin Bieber နဲ့ Hailey Baldwin တို့ဟာ လူသူမသိအောင် တိုးတိုးတိတ်တိတ် လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ထပ်ပြီး တစ်လအကြာမှ သူတို့နှစ်ယောက်လက်ထပ်ပြီးတာကို သတင်းသမားတွေနဲ့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ ခုချိန်မှာ သူတို့နှစ်ယောက်ဟာ လူသိရှင်ကြား လက်ထပ်ဖို့အတွက် နှစ်ယောက်က ဆွေးနွေးကာ ရက်ကိုအတည်ပြုထားပါသော်လဲ ကိစ္စအမျိုးမျိုးကြောင့် ဖျက်နေရတာ ၂ခါရှိပါပြီး။ JB တစ်ယောက်ကတော့ မင်္ဂလာဆောင်မဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖိအားများနေပါတယ်။  

အဲ့လိုတွေကြောင့်လဲ Instagram ပေါ်မှာ သူရဲ့ပရိသတ်တွေကို သူဘယ်လိုခံစားနေရလဲဆိုတာကို တင်ခဲ့ကာ ရင်ဖွင့်ခဲ့ပါတယ်။ ခုချိန်မှာသူဟာ Hailey နဲ့ ပျော်ရွှင်နေသလို မပျော်ရွှင်သလိုနဲ့ ဖြစ်နေလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူတို့နှစ်ယောက်ဟာ ပန်းခြံမှာ ထိုင်ကာ ပျော်ရွှင်နေခဲ့ပါတယ်။ အဲ့နေ့ပြီးတဲ့နောက်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ Laguna ကမ်းခြေမှာ သွားရောက်အပန်းဖြေ နားယူခဲ့ပါတယ်။ သူတို့နှစ်ယောက်သွားခဲ့တဲ့ နေ့ကတော့ တနင်္ဂနွေနေေ့ဖြစ်ပြီး အပူချိန်က ၈၀ဒီဂရီရှိပါတယ်။ 

နှစ်ယောက်က ကမ်းခြေမှာဆိုတော့ ပေါ့ပေါ့ပါးပါးပဲဝတ်ထားကြကာ နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်အလှကို ကောင်းကောင်းတွေ့မြင်ရပါတယ်။ သူတို့နှစ်ယောက် ပျော်ရွှင်စွာ ကြည်နူးနေကြတာကို ပုံထဲမှာ ပရိသတ်ကြီးလဲတွေ့မြင်မှာဖြစ်ပါတယ်...သူ Instagram မှာ သူရင်ဖွင့်ခဲ့ပြီးနောက်မှာ သူတို့နှစ်ယောက် ပျော်ရွှှုင်တဲ့အချိန်တွေကို များစွာပိုမိုပိုင်ဆိုင်လာသလိုပါပဲ။ ပရိသတ်ကြီးအတွက် ကမ်းခြေကပုံတွေကို ပြန်လည်မျှေဝေပေးလိုက်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။