ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ပြည်သူ့အချစ်တော်ရွှေသမီးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေနဲ့အတူ ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်ပိုင်နိုင်စွာပါဝင်သရုပ်ဆောင်ထားတဲ့အတွက်ကြောင့် အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ရရှိလာတာဖြစ်ပါတယ်။ သူမဟာဆိုရင်မော်ဒယ်လ်လောက ကနေ အနုပညာသရုပ်ဆောင်လောကထဲသို့ဝင်ရောက်လာတာဖြစ်ပြီး အခုအချိန်ထိ အောင်မြင်စွာရပ်တည်နေတာကို ပရိသတ်တို့အနေနဲ့ ဝမ်းသာအားရဖွယ် ရှုစားကြရမှာပါ....။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ကြော်ငြာတွေလည်းလက်ခံရိုက်ကူးလာရပြီး၊ ဖွင့်ပွဲအခမ်းအနားတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။ ရုပ်ရှင်ဇာတ်ကားတွေလည်းများစွာရိုက်ကူးထားပြီး စိတ်သဘောထားကောင်းတဲ့ အတွက်ကြောင့် ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်....။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်ခဲ့တဲ့ အမျိုးသမီး မင်းသမီးကောင်းတစ်ယောက်ဖြစ်ပါတယ်....။

ရွှေသမီးဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "Down Syndrome" လို့အမည်ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် ရောဂါဝေဒနာရှင်များကို ချစ်ခင်စွာသွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်...။ "ဒေါင်း" ရောဂါလို့လူအများကသိကြပြီး မွေးရာပါ ခံစားခဲ့ကြရတာဖြစ်ပါတယ်...။ လူတိုင်းကိုမေတ္တာတရားထားပါ ချစ်ခင်ပါ...သနားကျင်နာစိတ်ထားပါ..သိသိ,မသိသိလမ်းမှာတွေ့ရင်ပြုံးပြပါ တကယ်တော့ လူတစ်ယောက်ရဲ့စိတ်အေးချမ်းဖို့အရေးကြီးဆုံးကငွေနဲ့ဝယ်ပေးလို့မရပါဘူး အမှန်းပေးနိုင်တာ မေတ္တာတရားပါပဲ..." ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်း မင်းသမီးရွှေသမီးကို ဆက်လက်အားပေးရင်း ထိုချစ်စရာကလေးငယ်တွေအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်...။

Source Shwe Tha Mee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။