ကိုယ်ပိုင်သံစဉ်တွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတက်တဲ့ အဆိုတော်ချော လေး မိစန္ဒီတစ်ယောက် Huawei Music Festival မှာ အလန်းစားဖျော်ေ်ဖြခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို တင်လိုက်တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ဂီတ လမ်းကြောင်းပေါ်မှာ ရပ်တည်နေခဲ့ပြီး သူမရဲ့သီချင်းလေးတွေဟာ လူငယ်တွေကြားမှာ ရေပန်းစားလွန်းခဲ့ပါတယ်။ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေး လေးတွေကိုလည်း အကောင်းဆုံး ရေးစပ်သီဆိုနိုင်သူ တစ်ယောက်ပါပဲ။

သီချင်းတွေဆက်တိုက်ဆိုနေတာဖြစ်ပြီး အနုပညာအလုပ်တွေလည်း မနားတမ်းလုပ်နေတယ် လို့လည်းသိရပါတယ်။ မြန်မာသီချင်း တွေသာမက အင်္ဂလိပ်သီချင်းတွေကိုလည်း ကိုယ်တိုင် ရေးစပ်သီဆိုတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမြဲတမ်း ပရိသတ်တွေကိုမရိုးရအောင် အလန်းစားအထာနဲ့ဖျော်ဖြေတတ်ပြီး ဒီတစ်ခေါက်မှာလည်း စင်ပေါ်ကို ဆိုက်ကားတင်ပြီး ဆိုက်ကားပေါ်မှာ အထာကျကျစီးနင်းလိုက်ပါခဲ့ပြီး သီဆိုဖျော်ေ်ဖြခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ဖျော်ဖြေမှုပုံရိပ်တွေကို " အထာကျကျ ဆိုက်ကားစီးပါ မနေ့က Huawei Music Festival မှာ.. ဘယ်သူတွေကြည့်လိုက်ရလဲ?? " ဆိုပြီး လူမှုကွန်ယက်မှာတင်ထားတာ ပဲဖြစ်ပါတယ်။ သူမကိုပရိသတ်တွေက ဝိုင်းဝန်းစနောက်ကြတဲ့အခါမှာတော့ " ဟုတ်ကဲ့ စမီးက ManU fan တစ်ယောက်ပါ " ဆိုပြီး ပြန်လည်နောက်ပြောင်ထားတာပဲဖြစ်ပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ပြည့်ပြည့်ဖောင်းဖောင်းနဲ့ အသည်းယားစရာ အဆိုတော်မလေးပါပဲ။

Photo - Mi Sandi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။