ချစ်သက်တစ်ယောက် လတ်တလော Mood ကောင်းပုံ မရဘူးနော် ပရိသတ်ကြီးရေ။ အနုပညာသမားမှာလည်း ခံစားတတ်တဲ့ နှလုံးသားရှိတာမို့ အဆင်ပြေခြင်း မပြေခြင်းတွေ လည်း သာမာန်လူတွေနဲ့ ထပ်တူရှိနေနိုင်ပါတယ်။ ဒိတ်ဒိတ်ကြဲမင်းသမီး စာရင်းဝင် တစ်ယောက်ဖြစ်ပြီး သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ လက်ညိုးထိုးမလွဲပါပဲ။ ရိုးရှင်းတဲ့အလှတရားနဲ့ ဖြူစင်ပွင့်လင်းတဲ့ အပြုံးလေးတွေ စကားပြောဆိုပုံလေးတွေ က အားလုံးရဲ့အသည်းနှလုံးတွေကို ရိုးရိုးလေးဖမ်းစားလိုက်တာ လှုပ်မရတော့အောင်ပါပဲ။

ထပ်ဆင့်အကယ်ဒမီ သက်မွန်ြ်မင့်အဖြစ်နဲ့ လက်ရှိအချိန်ထိ အောင်မြင်မှုကို အပြည့်အဝ ထိန်းသိမ်းထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ သားလေးနဲ့ သမီး လေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သိုက်ဝန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ပဲဖြစ်ပါတယ်။ ကိုယ်ပိုင် စီးပွားရေးအနေနဲ့လည်း ကလေးအသုံးအဆောင် ပစ္စည်းဆိုင်လေး ကို ဖွင့်လှစ်ထားပါသေးတယ်။

လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားမှာ သူမသိပ်အဆင်မပြေကြောင်းကို " Shooting မှာ Mood တွေလည်း အောက်ကုန်ပြီ မနည်းကြိုးစားလုပ်ရ တယ် ဒီကားမှာ အနှောင့်အယှက် တော်တော်များတာပဲ ဂွမ်းဂွမ်းစိန် ဖြစ်တော့မယ် " ဆိုပြီး သူမရဲ့လူမရဲ့လူမှုကွန်ယက်ကနေ တဆင့် ပရိသတ် တွေကို ရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ ချစ်သက်ကိုချစ်တဲ့ ပရိသတ်တွေ ကလည်း စိတ်ခွန်အားပေးခဲ့ကြပါသေးတယ်။

Photo - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။