ချစ်ပရိတ်သတ်ကြီး ရေ..... စွဲမက်စရာကောင်းတဲ့ သံစဉ်ချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေ ကို အခုအချိန်မှာအပြည့်အဝသိမ်းပိုက်ယူထားနိုင်နေတဲ့အဆိုတော်မလေး ဝိုင်းလေးဆိုတာ နာမည်ကျော်လေးပါပဲနော်။ပရိတ်သတ်တွေရဲ့အချစ်တော် အသည်းကျော်လေးတစ်ယောက်လည်းဖြစ်သလို ထွက်သမျှသီချင်းလေးတွေတိုင်းဟာ ပရိတ်သတ်တွေရင်ထဲကော ပါးစပ်ထဲမှာပါ အမြဲစွဲနေခဲ့ရပါတယ်နော်။

အခုနောက်ပိုင်းမှာဆိုရင်လည်း သူမဟာ အနုပညာခြေလှမ်းလေးတွေကို ခပ်စိပ်စိပ်ကလေးလှမ်းလာခဲ့ပြီးတော့ သီချင်းလေးတွေကိုလည်းပိုလုပ်ဖြစ်နေပါတယ်နော်။ ဒါ့အပြင်သူမဟာ အသည်းယားဖို့ကောင်းတဲ့ ချစ်စဖွယ်မျက်နှာလေးနဲ့ အမိုက်စား ခန္ဓာကိုယ်လေးရဲ့ ပိုင်ရှင်လေးတစ်ယောက်လည်းဖြစ်တဲ့အတွက် ဘာပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်မှုရှိလွန်းသူလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။

လတ်တစ်လောမှာ ပွဲလေးတွေတက်ဖြစ်နေတဲ့သူမဟာ အခုတစ်ခါမှာလည်း "စိန်နန်းတော်" ပွဲလေးကို ပြိုးပြိုးပြက်ပြက်လင်းလတ်တောက်ပနေတဲ့ဖက်ရှင်လေးနဲ့ပွဲတက်လာခဲ့ပြန်ပါတယ်နော်။ သူမဟာ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာကြောင့် ရွှေပွဲလာတဲ့ ပရိတ်သတ်တွေတောင် သမင်လည်ပြန်ငေးရတဲ့အထိပါပဲနော်။ပြင်ထားတဲ့ပုံစံလေးကလည်း နိုင်ငံခြားဆန်ဆန်လေးဖြစ်တဲ့အတွက်မင်ယသမီးရှုံးလောက်အောင်ကိုပဲ အရမ်းကိုလှနေပါတယ်နော်။ကဲ... ဝိုင်းလေးတစ်ယောက် အမိုက်စားဖက်ရှင်လေးနဲ့ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source :Wine Lay

Photo Crd: Triangle 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။