ပရိတ်သတ်ကြီးရေ တက်သစ်စမင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အခုနောက်ပိုင်းမှာ အနုပညာခြေလှမ်းတွေ စိတ်လာတာကို ပရိတ်သတ်ကြီးလည်း တွေ့မြင်ရမှာပါ။နေခြည်ဦးက အလှအပရေးရာတွေကို မျှဝေရင်းကနေ ပရိတ်သတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။အပြုံးချိုချိုလေးနဲ့ သွက်လက်ချက်ချာ ထက်မြက်သူလေးတစ်ယောက်ဖြစ်လို့ မိန်းကလေးတွေအတွက် အားကျအတုယူစရာမိန်းကလေးပဲဖြစ်ပါတယ်နော်။

နေခြည်ဦးကို ပရိတ်သတ်တွေက ချီချီလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး ချီချီကလည်း စိတ်ထားလေးဖြူစင်ကာ ရိုးသားပွင့်လင်းစွာနေတတ်သူဖြစ်ပါတယ်။ချီချီရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ချီချီက ပရိတ်သတ်တွေကို အကုန်ပြောပြပါတယ်နော်။ချီချီရဲ့ အချစ်ရေးလေးက သာယာပျော်ရွှင်ရပြီး တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှုတွေနဲ့ အရမ်းချစ်တတ်ကြလို့ အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲလေးပါနော်။

ချီချီရဲ့ ချစ်သူကလည်း ချီချီ့ကို အလိုလိုက်အကြိုက်ဆောင်ကာ ပျော်ရွှင်အောင်ထားသူဖြစ်လို့ ချီချီ့အတွက်တော့ ချစ်သူကောင်းကို ရရှိထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချီချီက ချစ်သူရဲ့ မွေးနေ့လေးမှာ မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးခဲ့သလို သီတဂူဆရာတော်ဘုရားရဲ့ မွေးနေ့ပွဲလေးနဲ့ တိုက်ဆိုင်တာဖြစ်လို့ နေခြည်ဦးတို့ ချစ်သူနှစ်ယောက်ကတော့ ဝတ္ထုငွေတွေ သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Aung Nway Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။