အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေက အားကျရတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားက လက်တွဲတွေမဖြုတ်ဘဲ အချစ်တွေခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးက အခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးကို တည်ဆောင်ထားကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ဂီတလမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းနေကြသလို သီချင်းလေးတွေကိုလည်း အတူဖန်တီးနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့စုံတွဲလေးက နယ်ရှိုးပွဲတွေကို အတူတူသွားရောက် သီဆိုနေကြသလို ခရီးတွေလည်း အတူထွက်နေကြတာ ဖြစ်ပါတယ်။ အခုလည်း သူတို့ချစ်သူနှစ်ဦးက ငွေဆောင်ကမ်းခြေကို အပန်းဖြေဖို့ ရောက်ရှိနေကြပါတယ်။ ကမ်းခြေမှာ သာယာပျော်ရွှင်နေကြတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကလည်း အရမ်းကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်၊၊

အောင်လတို့ချစ်သူနှစ်ဦးက ငွေဆောင်မှာ သီချင်းသွားဆိုရင်းနဲ့ အားလပ်ချိန်မှာ အပန်းဖြေအနားယူနေကြတာလည်း ဖြစ်ပါတယ်။ အောင်လကလည်း ချစ်သူလေး ဝိုင်းစုကို အလှဆုံးပုံလေးတွေ ဓာတ်ဖမ်းပေးရင်း ကြည်နူးနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုင်းစုတို့ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wine Su & Reodineius Aung La;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။