ကမ္ဘာဘောလုံးလောကမှာအောင်မြင်တွေကိုအများဆုံးသိမ်းပိုက်ပြီးကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်ရနေတာကတော့မက်ဆီနဲ့ရော်နယ်ဒိုတို့ပဲဖြစ်ပါတယ်။သူတို့ဟာဥရောပရဲ့ထိပ်သီးကလပ်တွေမှာကစားပြီးအောင်မြင်မှုတွေကိုဆွတ်ခူးနိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်။ဘောလုံးပရိသတ်တွေကလည်းသူတို့နှစ်ယောက်ရဲ့အားပြိုင်မှုပွဲတိုင်းကိုအမြဲမပြတ်စောင့်မျှော်အားပေးနေကြတာပါ။

မက်ဆီကတော့စပိန်ထိပ်သီးဘာစီလိုနာအသင်းမှာကစားနေတာဖြစ်ပြီးရော်နယ်ဒိုကတော့အီတလီထိပ်သီးဂျူဗင်တပ်အသင်းမှာကစားနေတာဖြစ်ပါတယ်။နှစ်ယောက်လုံးကတော့သူတို့ရဲ့အသင်းတွေမှာမရှိမဖြစ်ခြေစွမ်းတွေပြနေတဲ့ကစားသမားတွေဖြစ်ပါတယ်။ရော်နယ်ဒိုကတော့ဒီနှစ်ဘောလုံးရာသီမှဂျူဗင်တပ်အသင်းကိုပြောင်းရွေ့လာတာဖြစ်ပါတယ်။

ရော်နယ်ဒိုရီးရဲမှာကစားစဉ်ကသူတို့နှစ်ယောက်တွေ့ဆုံမှုတိုင်းမှာပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ခြေစွမ်းတွေကလည်းအကောင်းဆုံးမှာရှိနေတာကြောင့်ဘယ်သူအကောင်းဆုံးလဲဆိုတာပရိသတ်တွေဝေခွဲရခက်နေတာဖြစ်ပါတယ်။ခုမှာတော့မက်ဆီကလာလီဂါမှာ၄၄၄ပွဲကစားခဲ့ပြီး၃၄ကြိမ် ဟက်ထရစ်ရခဲ့တာဖြစ်ပြီးရော်နယ်ဒိုကတော့၂၉၂ပွဲကစားပြီး၃၄ကြိမ်ဟက်ထရစ်ရခဲ့တာဖြစ်ပါတယ်။ပြိုင်ဆိုင်မှုတွေပြည့်နှက်နေတဲ့သူတို့နှစ်ယောက်မှာတော့ရော်နယ်ဒိုကမက်ဆီထက်တစ်ခုသာသွားခဲ့ပြီဖြစ်ပါတယ်။

SOURCE:Oh my goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။