ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ကားကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ Lamborghini ကုမ္ပဏီက ဖွင့်လှစ်ထားတဲ့ ပြတိုက်တစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီပြတိုက်ထဲမှာတော့ ဟိုးအရင်တည်းက ထုတ်လုပ်ခဲ့တဲ့ Lamborghini ကားတွေက စပီး နောက်ဆုံးပေါ် ထုတ်လုပ်ထားတဲ့ကားတွေအထိပါ ပြသပေးထားတာပဲ ဖြစ်ပါတယ်။

၂၀၀၁ခုနှစ်ကနေ စတင်ဖွင့်လှစ်ထားတဲ့ ဒီပြတိုက်ဟာ အီတလီနိုင်ငံ ဘိုလောဂ့်နာ မြို့မှာတည်ရှိနေတာပဲ ဖြစ်ပါတယ်။ Lamborghini ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးကားတွေကို ပြသထားတာဖြစ်ပြီး limited edition နဲ့ထုတ်လုပ်ထားတဲ့ ကားအချို့ကိုတောင် ပြသပေးထားတာပဲ ဖြစ်ပါတယ်။

ကားချစ်သူ ဝါသနာအိုးတွေအတွက်တော့ ဒီပြတိုက်ကြီးဟာ တစ်ကယ့်ကို သာယာလှတဲ့ နေရာတစ်ခုလို့တောင် ပြောရမလို ဖြစ်ပြီး နေ့စဉ်လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည် တွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားဝါသနာရှင်တွေအတွက် ပြတိုက်ထဲမှာ ဘယ်လိုကားအမျိုးအစားတွေပြထားလဲဆိုတာ တစ်ပုံချင်းစီ ဖော်ပြပေးလိုက်ရပါတယ်နော်...

Source : Myanmar Super Cars Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။