Joe Jonas ဟာဆိုရင် ကမ္ဘာကျော်အနုပညာရှင် Nick Jonas ရဲ့အစ်ကိုတစ်ယောက်ဖြစ်ကာ သူဟာဆိုရင်လဲ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့သီချင်းဖြစ်တဲ့ " DNCE " ဟာဆိုရင်လဲ ပရိသတ်တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး စည်းချက်အတိုင်းတာမျှော်လွင့်မယ်ဆိုရင် သြင်္ကန်မှာ မြူးလိုတောင်ကောင်းပါတယ်။ သူဟာဆိုရင် Game Of Thrones ဇာတ်လမ်းတွဲထဲကမင်းသမီးတစ်ယောက်ဖြစ်တဲ့ Sophie Turner နဲ့စေ့စပ်ထားတာဖြစ်ပါတယ်။ 

GOT ဟာဆိုရင်လဲ Season 8 မှာဆုံးတော့မှာမို့ ပရိသတ်ကြီး စောင့်မျှော်ကြည့်ရှူလိုက်အုန်းနော်။ Joe နဲ့ Sophie တို့ဟာ တနင်္ဂနွေနေ့က အတူတူ မြို့ထဲကိုလေညှင်းခံ ထွက်ခဲ့ကြပါတယ်။ အဲ့အပြင် Joe ဟာ Video နှစ်ခုကို အကိုဖြစ်သူ Kevin Jonas ရဲ့ကလေးတွေနဲ့အတူ တင်ခဲ့ပါသေးတယ်....ခေါင်းစဉ်ကတော့ ကံအကောင်းဆုံးဦးလေးဆိုပြီး တပ်ခဲ့ပါတယ်။ video ထဲက သူရဲ့တူမလေးကတော့ တကယ်ကိုချစ်စရာကောင်းလှပါတယ်။ 

Joe နဲ့ Sophine တို့ဟာ ၂၀၁၆ခုနှစ် နိုဝင်ဘာလက ချစ်သူတွေဖြစ်ကြတာဖြစ်ပြီး တစ်နှစ်ပြည့်ပြီးနောက် ၂၀၁၇ခုနှစ် အောက်တိုဘာလထဲမှာ စေ့စပ်ခဲ့ကြပါတယ်။ သူတို့တရာဝင်လက်ထပ်မဲ့နေ့ကို မပြောပြသေးပေမဲ့ Joe ဟာ James Corden ရဲ့ The Late Late Show မှာ သူနဲ့ Sophine တို့ရဲ့ Summer wedding ကိုကျင်းပသွားဖို့အစီအစဉ်ရှိပါတယ်။ " ကျွန်တော်တို့ ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ကြမှာပါ....Summer Weddin ကိုကျင်းပသွားဖို့လဲ ရျိပါတယ် " လို့ Joe ကပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။