ပရိသတ်တွေကို ရင်ခုန်စရာ ပုံရိပ်လေးတွေနဲ့ ဖမ်းစားထားတဲ့ Sexy မော်ဒယ်မလေးအဖြစ် မော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့ သူလေးဖြစ်တဲ့ မိုးမြင့်သဇင်က ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားလူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ လက်ရှိမှာလဲ ချစ်စရာကောင်းအောင် ရင်တဒုတ်ဒုတ်ခုန်သွားစေမယ့် ပုံလေးတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူလေးဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေက ပုရိသတွေကို ဆွဲဆောင်နေတဲ့ ထူးခြားမှုတွေပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အောင်မြင်ပြီး ပရိသတ်ချစ်တဲ့ မော်ဒယ်တစ်ဦးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အလုပ်တွေကို အကောင်းဆုံး ကြိုးစားရင်း ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတဲ့ ဘာဘီအရုပ်မလေး မိုးမြင့်သဇင်ကို မြင်တွေ့ရမှာပါ။ ဘယ်လိုလေးတွေပဲ ဝတ်ဝတ် တစ်နေ့တစ်ခြား ပိုပြီး ထူးခြားလှပလာတဲ့ မိုးမြင့်သဇင်က ပုရိသတွေရဲ့ စိတ်ထဲက ယခုအချိန်ထိ ဖမ်းစားထားနိုင်တဲ့ သူလေးပါ။

ယခုလည်း ပုရိသတွေရင်လိုှက်ဖိုအောင် အဝါရောင်ဝတ်စုံလေးနဲ့ အရမ်းကို လန်းနေတဲ့ မိုးမြင့်သဇင်ရဲ့ မှင်သက်လောက်တဲ့ အလှပုံရိပ်လေးတွေကို မြင်တွေ့ရမယ့် အပြင် သူမရဲ့ အားနည်းချက်လေးတစ်ခုကို ပရိသတ်တွေသိအောင် ပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ အားနည်းချက်ကတော့လူတစ်ယောက်ကို ချစ်ပြီးဆိုရင် အရမ်းချစ်တတ်တဲ့ သူပါဆိုပြီး အားနည်းချက်တစ်ခုအဖြစ်ပြောပြခဲ့တာဖြစ်ပါတယ်။

Source: Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။