နိုင်ငံကျော် ရုပ်ရှင်မင်းသမီးချောလေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦးဖြစ်ပြီး အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင် ပြေတီဦးရဲ့ ချစ်ဇနီးချောလေးဖြစ်သလို ကလေးနှစ်ယောက်ရဲ့မိခင်လည်းဖြစ်တဲ့ အူဝဲက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အရွယ်တင်နုပျိုတဲ့ အလှတရားတွေနဲ့ အပျိုလေးတစ်ဦးလို လှပနေဆဲ ဖြစ်ပါတယ်။

အောင်မြင်မှု သရဖူတွေ ဆောင်းခဲ့ရတဲ့ အူဝဲက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားအသစ်တွေ တစ်ကားပြီးတစ်ကား ဆက်တိုက်ရိုက်ကူးနေရပါတယ်။ အခုလည်း အူဝဲက သရုပ်ဆောင်ချော နေတိုးနဲ့အတူ " Box No. 88 " ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာ တွေ့ရပါတယ်။ ဒီနေ့မှာလည်း အူဝဲက TTC ကျောင်းမှာ ရိုက်ကူးရေး သွားရောက်ပြုလုပ်ပြီး တစ်ချိန်က ကလေးဘဝလေးက အမှတ်တရတွေကို ပြန်လည်သတိရခဲ့ရပါတယ်။

မြန်မာဆန်ဆန်ပုံစံလေးနဲ့ ရိုးရိုးလေး လှနေတဲ့ အူဝဲက "Unicorn cotton candy လေးနဲ့ ကျွန်မပါပေါ့ (ရိုက်ကွင်းမှာပါ)" ဆိုပြီး ရိုက်ကွင်းပေါ်က ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ငယ်ငယ်က စားခဲ့တဲ့မုန့်လေးကိုရလို့ ကလေးတစ်ယောက်လို ပြုံးပျော်နေတဲ့ အူဝဲရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ မြင်သူတိုင်းရင်အေးစေတဲ့ အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။