ကဲ.... ဒီတစ်ခုကတော့ သတင်းကောင်းပါပဲ။ ဘာလို့လဲဆိုတော့ ဒီတစ်ခါက သရဲကားကြိုက်တဲ့ ချစ်ပရိတ်သတ်တွေအတွက် မကြာတော့တဲ့ March လ (၂၂)ရက်နေ့မှာဆိုရင် ငွေရောင် ပိတ်ကားထက်မှာ ကြည့်ရှုရတော့မယ့် ဇာတ်ကားတစ်ကားအကြောင်းပြောပြမှာမို့ပာ။ ဒီဇာတ်ကားဟာ ရုံတင်တဲ့တစ်ပတ်အတောအတွင်းမှာလည်း ဝင်ငွေတွေ သန်း၃ ၄ ဆယ်လောက်ကို အသာလေးရရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေထွက်ရှိခဲ့တဲ့ကားဆိုလည်းမမှားပါဘူး။ ဇာတ်ကားနာမည်ကတော့ "Us"လို့ခေါ်ပြီးတော့ Rating 6.9ထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါနော်။

Universal Picture ဆိုတဲ့ ဟောလိဝုဒ်ရဲ့ဒိတ်ဒိတ်ကြဲ ရုပ်ရှင်ကုမ္ပဏီကနေထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး အခြားသရဲကားတွေနဲ့ ဇာတ်ညွှန်းရော ရိုက်ကွင်းရိုက်ကွက်တွေကောတစ်ခြားစီကွဲထွက်နေတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ Gabeနဲ့ Adelaide Wilson တို့ဟာ သားသမီးတွေနဲ့ အတူ မိသားစုလိုက် နွေရာသီ အပန်းဖြေ ခရီးလေးကိုထွက်ခဲ့ကြပါတယ်။ Vacation Houseကိုရောက်ပြီးတဲ့နောက်မှာတော့ တစ်မိသားစုလုံးအတွက် ကြောက်မက်ဖွယ်အဖြစ်တွေကိုကြုံတွေခဲ့ရပါတယ်။ အဲ့နောက် ခြောက်ခြားစရာတွေကနေ အသက်အန္တရာယ်ပေးလာ တဲ့အထိကိုဖြစ်လာခဲ့ပါတယ်။

သူတို့ကြုံတွေ့ခဲ့ရတဲ့အရာတွေကတော့ လူပုံစံနဲ့ မကောင်းဆိုးဝါး မိသားစုနဲ့ပါ။ ဒါပေမယ့် နောက်ထပ် သူတို့မိသားစုကို သွေးပျက်သွားစေတဲ့အရာကတော့ သူတို့ကိုခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးတွေဟာ သူတို့နဲ့ရုပ်ချင်း ချွတ်စွတ်တူနေတယ်ဆိုတာပါပဲ။ ဇာတ်ကားနာမည်က တော့ "Us"ပါ။ ထပ်ပြောပြတာပါ။" ငါတို့ကို...." ဆိုတဲ့ ၁၁၆မိနစ် သာသာရှိတဲ့ ဒီ ထိတ်လန့်ကြောက်မက်ဖွယ် သရဲဇာတ်ကားကြီးထဲမှာ ဘယ်လို အကြမ်းစားရိုက်ကွင်းရိုက်ကွက်တွေနဲ့ ဒါရိုက်တာ Jordan Peeleက ပုံဖော်ပြထားမလဲဆိုတာကိုတော့ ရုံတင်တာနဲ့ sound effectကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်ရုံမှာရွေးပြီးသွားကြည့် လိုက်ကြပါအုန်း ချစ်ပရိတ်သတ်ကြီးရေ....

Source : Us

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။