ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်ောတ် မော်လ်ဒယ်မင်းသားချောလေးကတော့ ပိုင်တံခွန်ပဲ ဖြစ်ပါတယ်နော်..။

ချောမောတဲ့ရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိပြီး စမတ်ကျတဲ့အရပ်တို့ကိုလည်း ပိုင်ဆိုင်ထားတဲ့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်..။

လူငယ်ပီပီ အမြဲစနောက်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ အခုတစ်ခါမှာလည်း သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Missha ထုတ်ကုန် အခမ်းအနားပွဲလေးမှာ ကလေးတွေကို စနောက်ရင်း ပျော်နေပါတယ်နော်..။

အခမ်းအနားပွဲလေးမှာ နန္ဒာလှိုင်ရဲ့ ၀၀ကစ်ကစ်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးချောလေးတွေကို ချစ်စရာကောင်းစွာ စနောက်ရင်း ပိုင်တံခွန်တစ်ယောက် သဘောကျပြီး အားရပါးရပြုံးရယ်နေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲပြန်လည်မျှဝေလေ့ရှိတဲ့ ပိုင်တံခွန်ကတော့ အခမ်းအနားပွဲလေးတတ်ရင်း ကလေးတွေကို စနောက်ပျော်ရွှင်နေတဲ့ ပျော်ရွှင်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

မင်းသားချောလေး ပိုင်တံခွန်ရဲ့ ပွဲတတ်ပုံရိပ်လေးတွေနဲ့ ကလေးတွေကို စနောက်ရင်း ပျော်နေကြတဲ့ အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာပါတယ်နော်..။

Photo - ပိုင်တံခွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။