ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ဝါရင့်သရုပ်ဆောင်မင်းသမီးချော ဆုပန်ထွာကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သလို အမြဲနားလည်ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားချောလေးတို့နဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာမို့လည်း ပရိသတ်တွေအားကျချစ်ခင်ရသူလေးဆိုလည်း မမှားပါဘူး..။

သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေကြောင့် ဆယ်စုနှစ်ကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ အမြဲအဆက်သွယ် မပြတ်ရှိနေသူဆိုလည်း မမှားပါဘူး

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို အမြဲပြန်လည်မျှဝေလေ့ရှိတဲ့ ပန်ပန်ကတော့ လတ်တလောမှာလည်း ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ထပ်မံမျှဝေထားပါသေးတယ်..။

ရင်သွေးလေး မွေးဖွားပြီးနောက်ပိုင်း တစ်သားမွေးတစ်သွေးလှဆိုတဲ့ အတိုင်း ချစ်စရာကောင်းလွန်းတဲ့ “SHAYI" ဂါဝန်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတဲ့ ပန်ပန်ရဲ့ အလှပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တွေတိုင်းကို အချစ်ပိုစေပါတယ်နော်..။

အပျိုလေးတွေရှုံးလောက်အောင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစွာ လှသွေးကြွယ်နေတဲ့ ပန်ပန်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။