ပြည်သူပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေးကတော့ ရွှေမှုံရတီပါပဲ..။အချေမင်းသမီးလို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ရွှေမှုံလေးကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ သွက်လက်ချက်ချာမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုအားပေးနေကြရတာ ဖြစ်ပါတယ်။

တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေ အခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံကို ရွှေနှစ်ရွှေစုံတွဲလို့ ချစ်နိးနဲ့ ခေါ်ဝေါ်နေကြပါတယ်။ ရွှေထူးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ရိုမန့်တစ်ဆန်ဆန်လေးတွေ အမြဲပြုလုပ်ပေးပြီး ပျော်ရွှင်မှု နာလည်းမှု အပြည့်နဲ့ အချစ်တွေခိုင်မြဲနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အိမ်ကနေထွက်သွားချိန် တစ်နာရီတောင်မပြည့်သေးပဲ လေဆိပ်မှာတင် ချစ်ဇနီးလေးကို လွမ်းနေကြောင်းချစ်စကားလေးတွေပြောထားပုံကို ရွှေမှုန်လေးကသူရဲ့ မိုင်ဒေးလေးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ရွှေထူးတို့ ရွှေမှုန်လေးကိုချစ်ချက်ကတော့ အံ့မခန်းပါပဲနော် ချစ်ပရိသတ်ကြီးတွက် ရွှေထူးတို့ရဲ့ ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe mhone Yati 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။