ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသမီးလေး မိုးယုစံကတော့ ပျော်ရွှင်စရာ်ကောင်းတဲ့ မိသားစုလေးဘဝကို တည်ဆောက်ထားတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်စရာသားသားလေးနဲ့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ဘဝခရီးလမ်းကို လျှောက်လှမ်းနေပြီး အနုပညာအလုပ်တွေကို ရပ်နားထားပါတယ်။မိုးယုစံရဲ့ လက်တလော အနုပညာလှုပ်ရှားမှုကတော့ ပွဲအခမ်းအနားတွေတက်ပြီး ရှိုးပွဲတွေမှာလည်း ရှိုးလျှောက်ဖြစ်ပါတယ်။

ကလေးတစ်ယောက်အမေဖြစ်ပေမယ့် သူမရဲ့ လှပမှုတွေ နုပျိုမှုတွေကတော့ မကုန်ခမ်းနိုင်လောက်အောင် လှနေဆဲဖြစ်ပါတယ်နော်။မိုးယုစံက အရင်းတိုင်းပဲ နှင်းဆီအဖွဲ့သားတွေနဲ့ အတူလည်း အငြိမ့်ကပါသေးတယ်။မိုးယုစံက အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်သလို မိသားစုရဲ့လိုအပ်ချက်တွေကိုလည်း အသေးစိတ်ကအစ ဂရုစိုက်ပြီး သားလေးကိုလည်း ကောင်းကောင်းမွန်မွန်ကြီးပြင်းအောင် ပြုစုစောင့်ရှောက်တဲ့ မိခင်ကောင်းပါနော်။

မိုးယုစံတို့မိသားစုသုံးယောက်က အားလက်ရက်တွေကိုလည်း အပန်းဖြေ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်တတ်ကြပါတယ်။သာယာအေးချမ်းတဲ့ သူတို့မိားစုဘဝလေးဟာဆိုင် မြင်သူတိုင်းအားကျစရာကောင်းပါတယ်နော်။အခုဆိုရင် မိုးယုစံက ချစ်ခင်ပွန်းရဲ့ မွေးနေ့လေးမှာ"ဇီဝိတဒါနသံဃာဆေးရုံကြီး ကျောက်ကပ်သွေးသန့်စင်ရေးအတွက် အလှူငွေ ၅သိန်း လှူဒါန်းခဲ့ပါသည် ကုသိုလ်အားလုံးထပ်တူရကြပါစေ.... Happy birthday my love"ဆိုပြီး မွေးနေ့အမှတ်တရအနေနဲ့ မိသားစု၃ယောက်နာမည်ရေးမှတ်ပြီး အလှူဒါနပြုခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်နော်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။