ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောတစ်ဦးဖြစ်တဲ့ မယ်လိုဒီကတော့ သားဦးလေးမွေးဖွားပြီးနောက်ပိုင်း တစ်သားမွေးတစ်သွေးလှနေတဲ့ ပြည်သူ့အချစ်တော်ပဲ ဖြစ်ပါတယ်..။

ရိုးအေးပြီး ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ မိသားစုနဲ့ သားလေးကို အချိန်ပေးဖြစ်နေသလို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မလစ်ဟင်းအောင် ကြိုးစားလုပ်ဆောင်နေသူလေးပါပဲ..။

မင်းသမီးမယ်လိုဒီကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသလို နားလည်ပြီးချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တော် မယ်လိုဒီကတော့ ကလေးတစ်ယောက်ရတဲ့အထိ နားလည်မှုမရှိသလို သူမအတွက်မငဲ့ရင်တောင် ကလေးအတွက်ငဲ့သင့်တယ် ဆိုပြီး ကြုံတွေ့နေရတဲ့ အကြောင်းလေးကို ဟာသလေးနှောပြီး ပြောပြထားပါတယ်..။

မိုးလင်းကတည်းကနေ နေ့လည်အထိ ပျက်နေတဲ့ မီးအကြောင်းလေးကို ဟာသလေးနှောပြီး ပရိသတ်တွေကို စနောက်ရင်း ပြောပြရင်း ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

"တော်ရုံဆိုမပြောဘူး

အခုဟာက ကိုယ်ကမနက်ကလေးကိုကျောင်းသွားပို့တုန်း သူကထွက်သွားတယ်

ကလေးကို ကျောင်းမှာထား ဗဟန်းအိမ်ကိုဝင်ရှင်း

ကလေးကျောင်းပြန်ကြိုပြီး အိမ်ပြန်ရောက်တဲ့ထိ ပြန်မလာဘူး

အင်းလေ ကလေးအိပ်ချိန် နေ့လည်လောက်တော့ ပြန်လာမယ်ပေါ့ စိတ်လျော့ထားတာ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတာ

ကလေးတစ်ယောက်ရနေတဲ့အထိ နားလည်မူ့မရှိဘူး

တကယ်ကို ကိုယ့်ကိုမငဲ့ရင်တောင်

ကလေးကိုငဲ့သင့်တယ်

တော်တော်ရက်စက်တယ်

အသည်းနှလုးံမရှိဘူး

အေ့လေ EPC ဘဲ အသည်းနှလုးံ ဘယ်ရှိမလဲ

ပြောနေတာတောင် မလာသေးဘူးး မီးး.." ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - မယ်လိုဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။