Aquaman မင်းသား Jason Momoa ကိုပရိသတ်ကြီး ရင်နှီးမယ်လို့ထင်ပါတယ်။ သူဟာ Game Of Thrones မှာလဲ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတစ်ယောက်ဖြစ်ကာ ကားဟာဆိုရင်လဲ Season 8 မှာပြီးဆုံပြီဖြစ်ပါတယ်။ Jason ရဲ့ပုံစံ ပြုမှုနေထိုင်ပုံတွေဟာဆိုရင် ခန္ဓာကိုယ်နဲ့မလိုက်အောင် ပေါ့ပေါ့ပါးပါး နေထိုင်တဲ့ပုံစံပဲဖြစ်ပါတယ်။ သူရုပ်တည်နေတဲ့အခိုက်အတန့်ဟာ ခပ်ရှားရှားလို့တောင်ထင်မိပါတယ်....။ ပရိသတ်ကြီးရော Jason ရဲ့အမူအရာတွေကို ရိပ်မိရဲ့လား။ 

ခုဆိုရင်လဲသူဟာ Canada မှာရှိနေပြီး See ဆိုတဲ့ သိပ္ပံဇာတ်လမ်းတွဲကိုရိုက်ကူးလျက်ရှိပါတယ်။ Jason Momoa ဟာ အဲ့နေ့က သူရဲ့အပေါင်းအဖော်တွေနဲ့အတူ မနက်စာအတွက် အစားအစာတချို့ကို သွားရောက်ဝယ်ခဲ့ပါတယ်။ အသက်၃၉နှစ်ရှိပြီဖြစ်တဲ့ Aquaman Star ဟာ သူရဲ့ ခန္ဓာကိုယ်ပုံစံကို ပေါ်လွင်စေကာ အပေါ်အောက်ကို အပန်းရောင် ဝတ်ဆင်ခဲ့ပါတယ်။ သူရဲ့ပုံစံကြီးနဲ့ အဲ့အရောင်ကို ဝတ်ဆင်ထားတော့ သူရဲ့ စိတ်နေစိတ်ထားက ပေါ့ပါးတယ်ဆိုတာကို အလွယ်တကူ သိရှိရမှာ ဖြစ်ပါတယ်။ 

အဲ့အပြင် သူကိုဓာတ်ပုံရိုက်နေတာတွေ့တော့ လျှာကိုပါ ထုတ်ပြကာ နောက်ခဲ့ပါသေးတယ်။ မနက်စားစာပြီလို့ အနားယူနေတဲ့ချိန်မှာလဲ Video တစ်ခုကိုရိုက်တင်ခဲ့ပါသေးတယ်။ အစားနဲ့ပတ်သတ်ပြီးဘယ်လောက်ကောင်းတယ်ဆိုတာ ချီးကျူးပြောဆိုထားတဲ့ Videoပဲဖြစ်ပါတယ်။ အခုသူရိုက်ကူးနေတဲ့ကားဟာ အပိုင်း၁၀ပိုင်းပါတဲ့ Season တစ်ခုပဲဖစ်ကာ နောက်ပိုင်းတွေမှာလဲ ထပ်ရိုက်ကူးသွားမှာဖြစ်ပြီး အနာဂါတ်သိပ္ပံဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။