Katy Perry နဲ့ Orlando Bloom တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စေ့စပ်ထားကြတဲ့ အတွဲပဲဖြစ်ပါတယ်။ စေ့စပ်ပြီးသွားပြီဆိုတော့ ချစ်သူကောင်လေး ကောင်မလေးဆိုတာထက်ကို ပိုသွားကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Katy တစ်ယောက်ကတော့ သူရဲ့စေ့စပ်ထားတဲ့ ယောကျ်ားကို ချစ်သူကောင်လေးဆိုပြီး မှားယွင်းစွာ စကားလုံးအသုံးအနှုန်း သုံးမိခဲ့ပါတယ်။ ဒါဟာ သူရဲ့ပရိသတ်တွေအတွက်ရော လူတွေအတွက်ပါ ပြောစရာကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ 

ကိုယ်နဲ့စေ့စပ်ထားတဲ့ ယောကျ်ားကို ချစ်သူုကောင်လေးဆိုပြီး မသုံးသင့်တာကို သူမဟာ သုံးမိခဲ့ကာ လူတွေရဲ့ အမျိုးမျိုးပြောဆိုမှုကိုခံလိုက်ရပါတယ်။ ကိစ္စကတော့သူမဟာ American Idol အစီအစဉ်ကို ကြည့်ရှုတာနဲ့ပတ်သတ်ပြီးတင်ခဲ့တဲ့ post တစ်ခုဖြစ်ပါတယ်။ အဲ့postမှာ သူမဟာ " My Fiance " အစား " My boyfriend " ဆိုပြီးမှားသုံးခဲ့မိကာ ပြောစရာဖြစ်ခဲ့ပါတယ်။ သူမဟာအာ့နဲ့ပတ်သတ်ပြီး သတိမပြုမိခဲ့ပါဘူး....ဒါပေမဲ့ကမ္ဘာတစ်လွှားက သူတွေအတွက်တော့ ဒါကို လုံးဝသတိပြုမိခဲ့ကြပါတယ်။ 

ပရိသတ်တွေကအောက်ကနေ Katy ကိုအမျိုးမျိုး စာပြန်ခဲ့ပါတယ်။ Lucy ဆိုတဲ့တစ်ယောက်က " နင်နဲ့စေ့စပ်ထားတဲ့ယောကျ်ားက နင်မှာကောင်လေးရှိတယ်ဆိုတာကို သိရဲ့လားဟင် " ဆိုပြီးပြန်ခဲ့ကာ နောက် Rivka ဆိုတဲတစ်ယောက်က " ဒါကြီးကိုမေ့လိုက်တော့ " ဆိုပြီးအောက်မှာ Katy ရဲ့ ဒေါ်လာ၅သန်းတဲ့ စေ့စပ်လက်စွပ်ပုံကြီးကိုပြသခဲ့ပါတယ်။ တချို့သောသူတွေကလဲ အမျိုးမျိုး မန့်ခဲ့ကြကာ သူမကိုလှောင်ပြောင်တဲ့ စာတွေက ပိုများနေတာကိုတွေ့ရှိရပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။