ပရိသတ်ကြီးရေ.. အားလုံးရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ အတော်လေးကို နီးကပ်လာပါပြီနော်..။

ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာထဲကမှ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားကြီး (၁၀)ကားရဲ့ စကာတင်စာရင်းလည်း ထွက်ပေါ်လာခဲ့ပါပြီနော်..။

ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျစေတဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားကြီး (၁၀)ကားကတော့ "မုန်းစွဲ၊ ဥပါယ်တံမျဉ်၊ သမ္မတကြီးထံပေးစာ၊ မီ၊ နောင်တွင်ဥဒါန်းတွင်စေသတည်း၊ မှော်ဝင်သမန်းကျား၊ ဥပါဒါန်၊ ရန်သူ၊ တိမ်တိုက်တံတား၊ မုဒြာရဲ့ခေါ်သံ.." စတဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်နော်..။

ဆန်ကာတင်စကားဝင်ကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၁၀)ကားလုံးဟာ ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲဖြစ်တာမို့ ပရိသတ်တွေကလည်း အနုပညာရှင်များစွာနဲ့အတူ ရင်ခုန်နေကြပါပြီနော်..။

အနုပညာရှင်များစွာနဲ့ ပြည်သူပရိသတ်တွေကပါ ရင်ခုန်စောင့်စားနေကြတဲ့ ၂၀၁၈ - ၂၀၁၉ ရုပ်ရှင်ဆုပေးပွဲကြီးကတော့ လာမယ့် မတ်လ(၂၃)ရက်နေ့ စနေနေ့မှာ ကျင်းပပြုလုပ်သွားမှာမို့ စောင့်ကြည့်အားပေးလိုက်ဖို့ အသင့်ပဲလား ပရိသတ်ကြီးရေ..။

ချစ်ရတဲ့ ပရိသတ်ကြီးတို့ကလည်း ဘယ်ကားမှာ ဘယ်အနုပညာရှင်တွေကို ဘယ်လိုဇာတ်ရုပ်တွေနဲ့ ဘယ်လိုဆုတွေကို ရစေချင်လဲဆိုတာ ပြောပြရင်း ကိုယ့်ရဲ့ Idol အနုပညာရှင်တွေကို အားပေးလိုက်ကြရအောင်နော်..။

Photo - မြန်မာ့ရုပ်ရှင်ဆုပေးပွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။